Homeနိုင်ငံတကာသတင်းလူရာနဲ့ချီ သေဆုံးတဲ့ ဆန္ဒပြပွဲတွေအပြီး ဝန်ကြီးချုပ်နေအိမ်ကို ဝင်စီးဖို့ ကြိုးစားလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရာထူးက နုတ်ထွက် ရှောင်ပြေး

လူရာနဲ့ချီ သေဆုံးတဲ့ ဆန္ဒပြပွဲတွေအပြီး ဝန်ကြီးချုပ်နေအိမ်ကို ဝင်စီးဖို့ ကြိုးစားလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရာထူးက နုတ်ထွက် ရှောင်ပြေး

၅ သြဂုတ်၊ ၂၀၂၄

နိုင်ငံတ၀န်းမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ သြဂုတ်လ ၅ ရက် ဒီနေ့မှာ ရာထူးမှ နုတ်ထွက်လိုက်ပါတယ်။

ရှိတ်ဟာစီနာဟာ ရာထူးမှ နုတ်ထွက်ပြီး နိုင်ငံအတွင်းက ထွက်ခွာသွားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကာဖျူးမိန့်ထုတ်ထားပေမဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူ လူအုပ်ကြီးဟာ ၀န်ကြီးချုပ်နေအိမ်ကို ဝင်စီးဖို့ ကြိုးစားတဲ့အတွက် စစ်တပ်ရဟတ်ယာဥ်နဲ့ ရှောင်တိမ်းသွားခဲ့ပါတယ်။

လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ပေးခဲ့တဲ့သူတွေရဲ့ မိသားစုဝင် ဆွေစဥ်မျိုးဆက်တွေကို အစိုးရဝန်ထမ်းရာထူးနေရာတွေမှာ ခန့်အပ်မှုများပြားနေတဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေက ဦးဆောင်ဆန္ဒပြရာက လူထုအုံကြွမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ စစ်တပ်က ဆန္ဒပြသူ ၃၀၀ နီးပါးကို ပစ်သတ်ခဲ့ပါတယ်။

သြဂုတ်လ ၄ရက်ညပိုင်းမှာ စစ်တပ်က အကြမ်းဖက်နှိမ်နင်းမှုကြောင့် လူတစ်ရာနီးပါး သေဆုံးခဲ့ပါတယ်။

ဒီနေ့နေ့လည်မှာ ဝန်ကြီးချုပ်ဟာစီနာမှာ ရာထူးက နှုတ်ထွက်တဲ့သတင်း ထွက်ပေါ်လာပြီးနောက် ထောင်ပေါင်းများစွာသော လူထုကြီးက အောင်ပွဲခံခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read