Homeပြည်တွင်းသတင်းလူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့အနှိပ်စက်ခံ ပါကစ္စတန်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား ၅၀ကျော်ကို ကျားဖြန့်ဂိုဏ်းတွေက ပြန်ခေါ်ထုတ်ပြီး ထိုင်းဘက်လွှဲပြောင်းပေးမယ်လို့ DKBA ကြေညာ

လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့အနှိပ်စက်ခံ ပါကစ္စတန်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား ၅၀ကျော်ကို ကျားဖြန့်ဂိုဏ်းတွေက ပြန်ခေါ်ထုတ်ပြီး ထိုင်းဘက်လွှဲပြောင်းပေးမယ်လို့ DKBA ကြေညာ

၁၀ ဖေဖော်ဝါရီ၊ ၂၀၂၅

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသက ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေမှာ အဓမ္မဖမ်းဆီးပြီး နှိပ်စက်ခံနေရတဲ့ ရုပ်သံဖိုင်နဲ့ ဓာတ်ပုံတွေ ပျံ့နှံ့လာပြီးနောက်မှာ နှိပ်စက်ခံနေရတဲ့ ပါကစ္စတန်နိုင်ငံသားတွေအပြင် တခြားနိုင်ငံခြားသား ၅၀ ဦးကျော်ကို ကယ်တင်ထားပြီး ထိုင်းနိုင်ငံဘက်ကို လွှဲပြောင်းပေးသွားမယ်လို့ DKBA အမှတ် ၁ စစ်ဒေသကွပ်ကဲရေးမှူးက ပြောဆိုကြောင်း ခေတ်သစ်သတင်းဌာနက ဖော်ပြထားပါတယ်။

DKBA အနေနဲ့ ရုပ်သံနဲ့ဓာတ်ပုံတွေမှာ ပါလာတဲ့ နှိပ်စက်ခံနေရသူတွေကို သွားရောက်ရှာဖွေ ခေါ်ယူနိုင်ခဲ့ပြီး တခြားနိုင်ငံခြားသားတွေကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ ကျောက်ခက်မှာ ဓာတ်ပုံထဲက ပါကစ္စတန် ၃ ယောက်ကို တွေ့ရှိကြောင်းနဲ့ မြဝတီပို့ချိန်မှာ စစ်ကောင်စီက စာတင်နေဆဲမို့ မပို့နိုင်ကြောင်း ပြောဆိုတဲ့အတွက် ထိုင်းအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး ပို့ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ နဂိုထဲက ကယ်တင်ထားတဲ့ ၁၆ ဦးနဲ့ ပေါင်းရင် ကယ်တင်ထားနဲ့ နိုင်ငံခြားသား ၅၀ကျော်ရှိပြီး မိသားစုဝင်တွေနဲ့ Video Call ပြောဆိုခိုင်းထားတယ်လို့ သိရပါတယ်။ မြဝတီမြို့နယ် ကျောက်ခက်မှာ ပါကစ္စတန်နိုင်ငံသား ၃ ဦးသာ ရှိတယ်လို့ DKBA က ပြောဆိုထားပါတယ်။

လက်ရှိ စုဆောင်းကယ်ဆယ် ရရှိထားသူတွေဟာ ပါကစ္စတန်၊ နီပေါ၊ ဖိလစ်ပိုင်နဲ့ အာဖရိကလူမျိုးနိုင်ငံသားတွေဖြစ်ပြီး လက်ရှိမှာ မြဝတီမှာ DKBA က စောင့်ရှောက်ထားကြောင်းနဲ့ မိခင်နိုင်ငံကို ပြန်ပို့ဖို့ ထိုင်းဘက်ကနေ လွှဲပြောင်းပေးမှာ ဖြစ်ပြီး စစ်ကောင်စီကို စာတင်ထားတုန်း ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ DKBA အနေနဲ့ ထိန်းချုပ်နယ်မြေအတွင်းက ကျားဖြန့်တွေကို ရှင်းလင်းသွားမယ်လို့ ပြောဆိုထားပြီး အကုန်ရှင်းလင်းပြီးရင် ထိုင်းနိုင်ငံက လျှပ်စစ်မီးနဲ့လောင်စာဆီ ပြန်လည်ရရှိဖို့ လုပ်ဆောင်မယ်လို့လည်း ဖေဖော်ဝါရီ ၉ ရက်က ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ – လူမှုကွန်ယက်

ဆက်စပ် သတင်းများ

Most read