Homeပြည်တွင်းသတင်းလူထုအတွက် ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ မည်သည့်အဖွဲ့အစည်းမဆို နှောက်ယှက်ဟန့် တားမည် မဟုတ်ဟု SF/SAF အသိပေး

လူထုအတွက် ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ မည်သည့်အဖွဲ့အစည်းမဆို နှောက်ယှက်ဟန့် တားမည် မဟုတ်ဟု SF/SAF အသိပေး

ဇွန် ၂၁၊ ၂၀၂၅

ကျောင်းသားတပ်ဦး/ ကျောင်းသားလက် ရုံးတပ်တော် (SF/SAF)အနေနဲ့ ၎င်းတို့စစ်ဆင်ရေးလှုပ်ရှား ဖော်ဆောင် ရာ ဒေသတွေမှာ လူထုအတွက် ပညာ ရေးနဲ့ ကျန်းမာရေးဝန်ဆောင် မှုပေးနေတဲ့ မည်သို့ သောအဖွဲ့အစည်းမျိုးနဲ့ အထောက်အပံ့ပေးနေသူတွေကို ခြိမ်းခြောက်တာအပါအဝင် နှောက်ယှက်ဟန့်တားတာ၊ ဖမ်းဆီးတာသတ်ဖြတ် တာမျိုး လုံးဝလုပ် ဆောင်သွားမှာမဟုတ်ဘူးလို့ အသိပေးထုတ်ပြန်ထားပါတယ်။

အဲ့ဒီ အသိပေးချက်ကို ဇွန်၂၀ ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပြီး၊ လူထုဝန်ဆောင်မှုလုပ်ငန်းများနဲ့ ဖော်ဆောင် လုပ်ငန်းများအတွက် ထုတ်ပြန်ကြေညာချက်အမှတ် ၃/၂၀၂၅ နဲ့ အသိပေးထားတာဖြစ်ပါတယ်။

ဒါအပြင် လူထုကပေါက်ဖွားလာတဲ့ တော်လှန်ရေးဖြစ်တာ‌ကြောင့်လူထုကို ကာကွယ်စောင့်ရှောက်ရေးနဲ့ ပြည်သူ လူ ထုအကျိုး ရှေးရှူနိုင်ရေးအတွက် အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းဖော်ဆောင်နေတာတွေကို မည်သူမဆို ပိတ်ပင်တားဆီးတာ မပြုလုပ်ဖို့ ပန်ကြားထားပါတယ်။

လက်ရှိကာလမှာ တနိုင်ငံလုံးက ပြည်သူတွေ အထွေထွေအကြပ်အတည်းတွေနဲ့ ကြုံတွေ့ရင်ဆိုင်နေရပြီး အခြေခံ လိုအပ်ချက်တွေ ဆုံးရှုံးနေရတာ ကာလကြာမြင့်လာပြီဖြစ်ပြီး၊ ပညာရေး နဲ့ ကျန်းမာ ရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွေဟာ ဘယ်နေရာ၊ ဘယ်အချိန်မှာမဆို လူထုအတွက် မရှိမဖြစ် လိုအပ်တဲ့ လူထုဝန်ဆောင်မှုလုပ်ငန်း တွေဖြစ်တာကြောင့် အခုလို အသိပေးထုတ်ပြန်တာလို့ ဆိုပါတယ်။

ဓာတ်ပုံ- SF/SAF

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး