Homeပြည်တွင်းသတင်းလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီး တောင်းဆို၊ ဗာတီကန်နယ်မြေထဲမှာ လုံခြုံစွာထားမယ်လို့ဆို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီး တောင်းဆို၊ ဗာတီကန်နယ်မြေထဲမှာ လုံခြုံစွာထားမယ်လို့ဆို

၂၄ စက်တင်ဘာ၊ ၂၀၂၄

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး ဗာတီကန်ကို ခိုလှုံစရာဘေးကင်းတဲ့နေရာအဖြစ် ကမ်းလှမ်းခဲ့တယ်လို့ မကြာသေးခင်က အာရှက အသင်းတော် က ဘုန်းတော်ကြီးတွေနဲ့ ပြုလုပ်တဲ့ စကားဝိုင်းမှာ ပြောကြားခဲ့တယ်လို့ အီတလီနေ့စဉ်ထုတ်သတင်းစာတစ် စောင်က ဖော်ပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ တောင်းဆိုထားသလို ရောမမြို့မှာ သူ့သားကို လက်ခံဖို့ တောင်း ဆိုခဲ့ပါတယ်၊ ဒါ့အပြင်ဗာတီကန်အာဏာပိုင်တွေကို သူမကို ဘေးကင်းရာကျွန်ုပ်တို့ နယ်မြေထဲမှာ ထားဖို့အတွက် တောင်းဆိုလိုက်တယ်” လို့ အရှေ့တောင်အာရှက အသင်းတော်တွေနဲ့ ၁၂ ရက်ကြာခရီးစဉ်အတွင်း သီးသန့် စကားဝိုင်းမှာ ပုပ်ရဟန်းမင်းကြီးက ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဒီသတင်းကို အီတလီနေ့စဉ်သတင်းစာ Corriere della Sera မှာ ဖော်ပြတာဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ခွင့်ပြုချက်နဲ့ အစည်းအဝေးတွေ တက်ရောက်နေတဲ့ ရောမမြို့အခြေစိုက် ဘုန်းတော်ကြီး Father Antonio Spadaro ရဲ့ ဆောင်းပါးမှာ ဖော်ပြထားတာဖြစ်ပါတယ်။

အသက် ၈၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံကို လာရောက်ဖူးသလို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ် ချုပ်က လွတ်မြောက်ပြီး အီတလီနိုင်ငံကို သွား ရောက်တုန်းကလည်း ပုပ်ရဟန်းမင်းကြီးကို သွားရောက် တွေ့ဆုံခဲ့ဖူးပါတယ်။

“မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ လူတိုင်းရဲ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို လေးစားဖို့ လိုအပ်ပါတယ်။ လူတိုင်းပါဝင်နိုင်ပြီး ဒီမိုကရေစီစနစ်ပေါ် မူတည်တဲ့ ငြိမ်းချမ်းမှုမျိုး ဖြစ်ရပါမယ်”လို့ မြန်မာနိုင်ငံနဲ့ပတ်သတ်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆိုပါတယ်။

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှာ စစ်တပ်က ရာထူးက ဖြုတ်ချပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ် ဖမ်းဆီးထိန်းသိမ်းထားတာပါ။

နိုင်ငံတော်သစ္စာဖောက်မှုနဲ့ လာဘ်ပေးလာဘ်ယူမှုကနေ ဆက်သွယ်ရေးဥပဒေချိုးဖောက်မှုတွေအထိ ရာဇ၀တ် မှုတွေနဲ့ ထောင်ဒဏ် ၂၇ နှစ် မတရားကျခံနေရပြီး ၂၀၂၄ခုနှစ် ဧပြီလမှာ အကျဉ်းထောင်က နေအိမ် အကျယ်ချု ပ်ကို ပြောင်းရွှေ့ထားတယ်လို့ စစ်ကောင်စီက ကြေညာပေမဲ့ သူမရဲ့ရှေ့နေတွေအပါအဝင် ဘယ်သူနဲ့မှ တွေ့ခွင့် မရတာ ၂နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

Photo – National Catholic Reporter

ဆက်စပ် သတင်းများ

Most read