Homeပြည်တွင်းသတင်းလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးဆပ်မှုတွေဟာ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး ဆန္ဒကို ထင်ဟပ်စေတယ်လို့ အမေရိကန်သံရုံး မွေးနေ့ဆုတောင်းပေး

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးဆပ်မှုတွေဟာ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး ဆန္ဒကို ထင်ဟပ်စေတယ်လို့ အမေရိကန်သံရုံး မွေးနေ့ဆုတောင်းပေး

၁၉ ဇွန် ၂၀၂၅

ဒီကနေ့ ဇွန်(၁၉)ရက်မှာ ကျရောက်တဲ့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝနဲ့ လုပ်ဆောင်မှုတွေဟာ မြန်မာပြည်သူတွေရဲ့ ငြိမ်း ချမ်းရေးနဲ့ ဒီမိုကရေစီရေး ဆန္ဒတွေကို ထင်ဟပ်စေတယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်အသိပေးလာပါတယ်။

ဒါ့အပြင် ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီးခဲ့တဲ့၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကစလို့ အကျဉ်းကျခံနေရချိန်အတွင်း သူမရဲ့ငါးနှစ်ပြည့် မွေးနေ့လည်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့၊ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်စဲပြီး အကျပ်အတည်းအဆုံးသတ်ရေးအတွက် သက် ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေး ကြဖို့လည်း စစ်ကောင်စီကို ထပ်ပြီးတောင်းဆိုတယ်လို့ ဆိုထားပါတယ်။

ဒီကနေ့မှာ ဗြိတိန် သံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့မှာ သူမနဲ့တကွ မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ နှစ်ပြည့် မွေး နေ့အထိမ်း အမှတ်အဖြစ် UK သံရုံးရဲ့ profile picture ကိုလဲ ပြောင်းထားတာတွေ့ရပါတယ်။

မြန်မာပြည်တွင်းမှာတော့ ဒ်ေအောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ပြုလုပ်နေသူတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူတာတွေ ပြုလုပ်နေတာမျိုးရှိနေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး