လူချွန်လူကောင်းသီချင်းကို နိုင်ငံရေး စီးပွားရေးအတွက်အသုံးပြုတာကို ကန်ကွက်တယ်လို့ မြို့မငြိမ်းမိသားစုက ဒီကနေ့ စက်တင်ဘာ ၂ ရက်နေ့မှာ တရား ဝင် အသိပေးကြေညာလိုက်ပါတယ်။
အဲဒီကြေညာချက်မှာ ဖခင်ကြီးရဲ့ နိုင်ငံ တော် ပုံရိပ်အဖြစ် မျှော်မှန်းရေးသားခဲ့တဲ့“လူချွန်လူကောင်း” သီချင်းကို ဖခင်ကြီးရဲ့ အမွေဆက်ခံတဲ့ မြို့မငြိမ်းမိသား စုထံ အသိပေးခွင့်ပြုချက် ရယူခြင်းမရှိဘဲ နိုင်ငံရေး စီးပွါးရေးနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတစ်ရပ် ပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့က ကိုယ်ကျိုးအတွက် သီချင်းတစ်ပုဒ်လုံးကိုဖြစ်စေ၊ သီချင်းရဲ့ စာသား တစိတ်တပိုင်းကိုဖြစ်စေ အသုံးပြုတာ သီဆိုတာ ဖြန့်ဝေတာ လွှင့်ထုတ်တာတွေကို မူပိုင် ရှင်ဖြစ်တဲ့ မြို့မငြိမ်းမိသားစုက ကန့်ကွက်တယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။
ဒါအပြင် ဖခင်ကြီး အလင်္ကာကျော်စွာ မြို့မငြိမ်းဦးဆောင်တည်ထောင်ခဲ့တဲ့ မြို့မအပျော်တမ်းတူရိယာအသင်း တာ ဝန်ရှိသူတွေအနေနဲ့လည်း ဖခင်ကြီးရဲ့ သီချင်းတွေကို အသင်းကလက်ခံတီး မှုတ်တဲ့ ဧည့်ခံဖျော်ဖြေပွဲတွေမှာသီဆိုတီးမှုတ်တာကလွဲလို့ အခြား ဂီတထုတ် လုပ်တာ၊ အခြားနိုင်ငံရေး စီးပွားရေး အဖွဲ့အစည်းအကျိုးစီးပွားအတွက် အသုံးပြုတာတွေကို မြို့မငြိမ်းမိသားစုရဲ့သဘော တူခွင့်ပြုချက်မရဘဲ ပေးအပ် ရောင်းချခွင့်ပြုခွင့် မရှိဘူးလို့လည်း တဆက်တည်း အသိပေးလိုက်တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ရက်က NDF ပါတီက ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် လူချွန်လူကောင်းသီချင်းကို အသုံးပြုဖို့ မြို့မငြိမ်း နာယကအဖွဲ့နဲ့ ဥက္ကဌတို့ဆီမှာ လာရောက်တောင်းခံခဲ့တာကို လက်ရှိ ဥက္ကဌကခွင့်ပြုလိုက်တယ်လို့ NDF ပါတီ သူတို့ရဲ့ပေ့ခ်ျမှာတင်ထားပေမဲ့ ပြန်လည်ဖြုတ်ချခဲ့တာကို တွေ့ရပါတယ်။
ပုံစာ- NDF ပါတီက မြို့မငြိမ်းအဖွဲ့နဲ့တွေ့ဆုံပြီး လူချွန်လူကောင်းသီချင်းကို ရွေး ကောက်ပွဲအောင်နိုင်ရေူအတွက် ခွင့်တောင်းခဲ့စဉ်


