Homeပြည်တွင်းသတင်းလူကုန်ကူးသူတွေ တောထဲပစ်ထားတဲ့ မြန်မာနိုင်ငံသား ၉ ဦးကို ထိုင်းအာဏာပိုင်တွေ ကယ်ဆယ်

လူကုန်ကူးသူတွေ တောထဲပစ်ထားတဲ့ မြန်မာနိုင်ငံသား ၉ ဦးကို ထိုင်းအာဏာပိုင်တွေ ကယ်ဆယ်

၆ နိုဝင်ဘာ၊ ၂၀၂၄

နိုဝင်ဘာလ ၅ ရက်က ရနောင်းခရိုင်၊ ဘန်ထုံလျန်ကျေးရွာ၊ ဘန်နာရပ်ကွက်မှာ ကလေးငယ်တွေ အပါအဝင် မြန်မာနိုင်ငံသားတွေ အစာရေစာပြတ်ပြီး ဒုက္ခရောက်နေကြောင်း သတင်းပေးပို့ချက်အရ ထိုင်းအာဏာပိုင်တွေက ရှာဖွေပြီး ကယ်ဆယ်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

စစ်ဆေးရေးအဖွဲ့တွေကို ရှောင်တိမ်းနိုင်ဖို့ လူကုန်ကူးသူတွေက လူကြီး ၅ ဦး၊ ကလေး ၄ဦးပါဝင်တဲ့ မြန်မာနိုင်ငံသား ၉ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်းက ရနောင်း- ချွန်ဖွန်တောင်တန်းတွေကြားမှာ စွန့်ခွာထွက်ပြေးကြတာပါ။

ဒေသခံတွေ တွေ့ရှိချိန်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ အစားအစာ၊ ရေ ပြတ်နေပြီး ပင်ပန်းနွမ်းနွယ်နေတယ်လို့ ဆိုပါတယ်။ လူကြီး ၅ ဦးနဲ့ ၂ နှစ်က ၆ နှစ်အထိ ကလေးငယ် ၄ ဦး ပါပြီး နှစ်နှစ်အရွယ်ကလေးငယ်လေးဟာ ထိုင်းအာဏာပိုင်တွေ တွေ့ရချိန်မှာ ဆာလောင်ပြီး ငိုကြွေးနေပါတယ်လို့ ဆိုပါတယ်။

အစောပိုင်းစစ်ဆေးချက်တွေအရ သူတို့ဟာ မြန်မာနိုင်ငံ၊ ထားဝယ်ဒေသက လာတာဖြစ်ပြီး Koh Song ဒေသဂိတ်မှာ ယာယီကူးလက်မှတ်နဲ့ ဖြတ်ကူးလာတာ ဖြစ်ပြီး ရနောင်းငါးဆိပ်ကနေ တဆင့် လာတာလို့ သိရပါတယ်။

လူကုန်ကူးသူတွေဟာ မလေးရှားထိ ပို့ဆောင်ပေးဖို့ ကားတွေနဲ့ခေါ်ဆောင်လာပေမယ့် စစ်တပ်ဂိတ်နဲ့ စစ်ဆေးရေးဂိတ်တွေ ရှိနေတာကြောင့် တောထဲမှာ ပစ်ထားတာပါ။ သူတို့ဟာ မလေးရှားနိုင်ငံကိုသွားမှာ ဖြစ်ပြီး ဟိုမှာ အမျိုးတွေရှိတဲ့အတွက် မလေးရှားကိုရောက်မှ ငွေပေးချေရမှာ ဖြစ်တယ်လို့ သိရပါတယ်။

လူကြီး ငါးယောက်ကို Kapoe ရဲစခန်းကို ပို့ထားပြီး တရားမဝင် ဝင်ရောက်မှုအတွက် ဥပဒေအရ ဆက်ပြီး အရေးယူသွားမယ်လို့ သိရပါတယ်။

ပုံစာ – လူကုန်ကူးသူတွေ စွန့်ပစ်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်စဉ်

Photo – Khoasod

ဆက်စပ် သတင်းများ

Most read