Homeပြည်တွင်းသတင်းလုပ်ခလစာတိုးတောင်းရာကနေ စက်ရုံပိတ်သိမ်းတယ်လို့ ကြေညာလိုက်တဲ့အပေါ် လုပ်သား ၃,၀၀၀ ကျော် ဆန္ဒဖော် ထုတ်

လုပ်ခလစာတိုးတောင်းရာကနေ စက်ရုံပိတ်သိမ်းတယ်လို့ ကြေညာလိုက်တဲ့အပေါ် လုပ်သား ၃,၀၀၀ ကျော် ဆန္ဒဖော် ထုတ်

၃၀ ဇန်နဝါရီ ၂၀၂၆

ရန်ကုန်မြို့ ၊ လှိူင်သာယာအနောက်ပိုင်း၊ အနော်ရထာစက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံတစ်ရုံမှာ လုပ်ခလစာတိုးတောင်းရာကနေ စက်ရုံပိတ်သိမ်းတယ်လို့ စက်ရုံဘက်က ကြေညာလိုက်တဲ့အပေါ် လုပ်သား ၃,၀၀၀ ကျော်က ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ အလုပ်သမားအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

အဲဒီ စက်ရုံဟာ ETERNAL FASHION Co;Ltd အထည်ချုပ်စက်ရုံ တစ်ရုံဖြစ်ပြီးအလုပ်ရှင်အပြောင်းအလဲဖြစ်ပြီးနောက် မှာ စက်ရုံဝန်ထမ်းတွေက လုပ်ခလစာ တိုးတောင်းတာကို လက်မခံဘဲ စက်ရုံပါပိတ်သိမ်းလိုက်တယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဟာ မနေ့က ဇန်နဝါရီ ၂၉ ရက်နေ့မှာစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ တောင်းဆိုမှုကို ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားအဖွဲ့နဲ့ အင်းစိန်မြို့နယ်အ ထည်ချုပ်အလုပ်သမားအဖွဲ့တွေက သွား ရောက်ကူညီပေးနေတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ လုပ်ခလစာ တိုးတောင်းတာပါ။ဘယ်လိုမှ မလောက်င တော့တာ ခေတ်ကြပ်ထဲအလုပ်တစ်လုပ်ရဖို့ မလွယ်လို့ သီးခံပြီးနေတယ်။ အခု အလုပ်ကိုပိတ်တယ်ကြေညာပြီးဘာလျှော်ကြေးမှမရတဲ့အပြင် လုပ်ခလစာကို လေဘာရုံးမှာ သွားထုတ်ခိုင်းတယ်။ ဒါသဘာဝမကျဘူးထင်လို့ တောင်းဆိုတာတွေလုပ်တာပါ။”လို့ ဆန္ဒထုတ်ဖော်ရာမှာပါဝင်တဲ့ လုပ်သားတစ်ဦး က New Day Myanmar ကို ပြောပါတယ်။

လတ်တလော အဲဒီစက်ရုံနဲ့လုပ်သားတွေအကြား ညှိနှိုင်းပေးဖို့ အလုပ်သမားညွှန်ကြားရေးရုံး တာဝန်ရှိသူတွေ ညှိနှိုင်းပေးနေသလို စစ်ကောင်စီလက်အောက်ခံ စစ်ကားတစ်စီးနဲ့ ရဲကားတစ်စီးလည်း လုံခြုံ ရေးယူပေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-Cj

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး