Homeပြည်တွင်းသတင်းလိုင်ဇာဌာနချုပ်ဗိုလ်သင်တန်းကျောင်းမှာ ကျဆုံးခဲ့တဲ့ ဗိုလ်လောင်း ၈ ဦးအတွက်အောက်မေ့ဖွယ်အခမ်းအနား AA ကျင်းပ

လိုင်ဇာဌာနချုပ်ဗိုလ်သင်တန်းကျောင်းမှာ ကျဆုံးခဲ့တဲ့ ဗိုလ်လောင်း ၈ ဦးအတွက်အောက်မေ့ဖွယ်အခမ်းအနား AA ကျင်းပ

၁၉ နိုဝင်ဘာ၊ ၂၀၂၄

ကချင်ပြည်နယ်၊ လိုင်ဇာမြို့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ် ဗိုလ်သင်တန်း‌ကျောင်းမှာ လွန်ခဲ့တဲ့ ဆယ်နှစ်က စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျဆုံးခဲ့တဲ့ ရက္ခိုင့်တပ်တော်က ဗိုလ်လောင်း၈ဦး အပါအဝင် ဗိုလ်လောင်း ၂၃ဦးကို ဘယ်တော့မှ မေ့‌ပျောက်မှာ မဟုတ်ကြောင်း အာရက္ခတပ်တော်(AA)က နိုဝင်ဘာ ၁၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၁၄ နိုဝင်ဘာ ၁၉ရက်မှာ စစ်ကောင်စီတပ်တွေက KIA ဌာနချုပ်က ဝေကြိုင်ဘွမ် ဗိုလ်သင်တန်း ကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရက္ခိုင့်တပ်တော်က ဗိုလ်လောင်းရှစ်ဦးနဲ့ ကျန် တိုင်းရင်းသားအဖွဲ့တွေက ဗိုလ်လောင်း ၁၅ ဦး၊ စုစုပေါင်း၂၃ဦး ကျဆုံးခဲ့ပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေကို အမြဲတမ်းသတိရနေမှာဖြစ်ပြီး ဘယ်သောအခါမှ မေ့လိမ့်မည်မဟုတ် လို့ AA က ရေးသားထုတ်ပြန်ထားပါတယ်။ နှစ်စဉ် အောက်မေ့ဖွယ်အခမ်းအနားကို စစ်ရေး၊ နိုင်ငံရေးအခြေအနေပေါ် မူတည်ပြီး ပြုလုပ်ခဲ့ရတဲ့အပြင် ယခုနှစ်မှာလည်း အကျဉ်းချုံးပြုလုပ်ခဲ့တယ်လို့ AAက ထုတ်ပြန်ထားပါတယ်။

ပုံစာ – လွန်ခဲ့တဲ့ ၁၀နှစ်က ကျဆုံးခဲ့တဲ့ဗိုလ်လောင်းတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်စဉ်

Photo – AA info desk

ဆက်စပ် သတင်းများ

Most read