Homeပြည်တွင်းသတင်းလိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ တိုင်ကြားခံထားရတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အိန္ဒိယကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်ကို NUG ရာထူးကထုတ်ပယ်

လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ တိုင်ကြားခံထားရတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အိန္ဒိယကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်ကို NUG ရာထူးကထုတ်ပယ်

၃ သြဂုတ်၊ ၂၀၂၄

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ တိုင်ကြားခံထားရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်ကို NUG အစိုးရအဖွဲ့က ရာထူးကထုတ်ပယ်လိုက်တယ်လို့ ကြေညာပါတယ်။

လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်ခြင်း၊ အမြတ်ထုတ် ခြင်းနဲ့ မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ ဗဟိုကော်မတီရဲ့ သုံးသပ် ဆုံးဖြတ်ချက်များနဲ့အညီ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇင်ခင်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁) ရက် နံနက်ပိုင်းက စတင်ပြီး ရာထူးက ထုတ်ပယ်လိုက်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၃ရက်မှာ ထုတ်ပြန်ကြေညာသွားပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အတွင်းရေးမှူးအဖြစ် အလုပ်လုပ်ကိုင်နေသော CDM ချင်း ဝန်ထမ်းအမျိုးသမီးအပေါ် ဌာနတွင်း လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်စေမှု ကျူးလွန်ခဲ့တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်ကို ကျူးလွန်ခံရသူအမျိုးသမီးက မေလအတွင်းမှာ တိုင်ကြားထားတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read