Homeအထူးသတင်းလိင်ပညာပေး ဗလော့ဂါ အမျိုးသမီး V V Chen PP ကနေ PDP ပါတီကို ပြောင်းပြန်

လိင်ပညာပေး ဗလော့ဂါ အမျိုးသမီး V V Chen PP ကနေ PDP ပါတီကို ပြောင်းပြန်

၂၇ စက်တင်ဘာ ၂၀၂၅

လိင်ပညာပေး ဗလော့ဂါ အမျိုးသမီး

တဦးဖြစ်တဲ့ V V Chen ဟာ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ(PP)ကနေ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(PDP)ကို ပြောင်းသွားခဲ့တယ်လို့ သိရပါတယ်။

ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီဟာ V V Chenကို ရန်ကုန်မှာ ဝင်ပြိုင်ခွင့် မပြုဘဲ ကရင်ပြည်နယ်ကနေ ဝင်ပြိုင်ခိုင်းလို့ နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သူက ပါတီကနေ တရားဝင်နှုတ်ထွက်သွားတာပါ။ အခြားကိစ္စတွေတော့ ပြောသရာမရှိပါဘူး။ PDP ပါတီကိုပြောင်းသွားတယ်လို့ကြားတယ်။ ဒီလောက်ဘဲဗျာ”လို့ ရန်ကုန်မြို့နေပြည်သူပါတီနဲ့နီးစပ်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း V V Chenဟာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ “မကြာခင်ပြောင်းလဲမှုတခုက်ု ကြေညာပါမယ်”လို့ ရေးသားမျှဝေတဲ့အပေါ် လူထုစိတ်ဝင်စားမှုမြင့်တက်နေရာကနေ ပါတီပြောင်းလဲတဲ့အခြေအနေတခု ဖြစ်ပေါ် လာတာဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာအသိပညာပေးနေတဲ့ V V Chen ဟာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) တွေနဲ့ ရှေးရိုးစွဲဝါဒီတွေက ဖိအားပေးတာတွေကိုလည်းကြုံတွေ့နေရတဲ့အပြင် ပါတီနိုင်ငံရေးလောက ရုတ်တရက်ဝင်ရောက်လာတာကြောင့် အများကလည်း ဝေဖန်ပြစ်တင်စွပ်စွဲတာကိုလည်းခံနေရသူဖြစ်ပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ ရွေး ကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ၅၈ ပါတီကို ခွင်ပြုထားပေမယ့် လက်ရှိမှာတော့ ကြံခိုင်ရေးပါတီ (USDP)၊ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ (PP) နဲ့ တစည ပါတီတို့သာ ပါတီလှုပ်ရှားမှုတွေ အဓိကလုပ်ဆောင်နေတာကိုတွေ့ရပါတယ်။

ဓာတ်ပုံ-V V Chen

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး