Homeပြည်တွင်းသတင်းလားရှိုး - တန့်ယန်းလမ်းခွဲမှာ MNDAA ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦးသေဆုံး

လားရှိုး – တန့်ယန်းလမ်းခွဲမှာ MNDAA ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦးသေဆုံး

၂၂ ဇူလိုင်၊ ၂၀၂၄

ဇူလိုင်လ ၂၀ ရက်က လားရှိုး – တန့်ယန်းလမ်းခွဲမှာ ကိုးကန့်တပ်မတော် (MNDAA)ရဲ့ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူမှာ မန္တလေး-လားရှိုးပြေးဆွဲနေတဲ့ ယာဉ်မောင်းကိုဝေယံထွန်းဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်က တန့်ယန်းလမ်းခွဲမှာတပ်စွဲထားသည့် MNDAA ဂိတ်ကို ဖြတ်သန်းချိန်မှာ ကိုးကန့်တပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်လိုက်တာ ဖြစ်ပါတယ်။ လမ်းကို ပိတ်ဆို့ထားတဲ့ အတားအဆီး မရှိတဲ့အတွက် ဒီအတိုင်း ဖြတ်သန်းဖို့ ကြိုးစားတာကို ပစ်ခတ်တာ ဖြစ်တယ်လို့သိပါတယ်။

MNDAA စစ်ရေးကော်မတီက ဇူလိုင် ၁၀ရက်မှာ လားရှိုးအနီး လှုပ်ရှားနေသော တပ်သားတွေ လိုက်နာရမယ့် တားမြစ်မိန့်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အမိန့်တွေမှာ အနိုင်ကျင့်သတ်ဖြတ်ခြင်းမပြုရန်၊ ပြည်သူလူထု၏ စည်းစိမ်ဥစ္စာထိပါးခြင်းမပြုရန်၊ စစ်မြေပြင်အတွင်းရှိ ပြည်သူပိုင်ယာဉ်များကို သိမ်းဆည်းသုံးဆောင်ခြင်းမပြုရန် အချက်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် လမ်းကြောင်းပိတ်ပြီး တပ်သားစုဆောင်းခြင်း အထူးသဖြင့် ကလေးသူငယ်တွေကိုတပ်သားသစ်အဖြစ် စုဆောင်းခြင်းမပြုဖို့ တားမြစ်ထားပါတယ်။ စည်းမျဉ်းစည်းကမ်းတွေနဲ့ တားမြစ်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမပြုရင် စစ်ဥပဒေအရ အရေးယူခံရမယ်လို့ ဖော်ပြထားသလို စစ်ဘေးရှောင်ဒုက္ခသည်များ တိမ်းရှောင်ဖို့ အန္တရာယ်ကင်းတဲ့ လမ်းကြောင်း ဖွင့်ပေးပြီး ကူညီပေးရမယ်လို့ ညွှန်ကြားထားပါတယ်။

ဆက်စပ် သတင်းများ

Most read