Homeပြည်တွင်းသတင်းလားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသည့် ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ကျဉ်း ၂၀၀ ကျော်ကို လုံခြုံတဲ့နေရာမှာ ကူညီစောင့်ရှောက်မှုတွေလုပ်နေ

လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသည့် ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ကျဉ်း ၂၀၀ ကျော်ကို လုံခြုံတဲ့နေရာမှာ ကူညီစောင့်ရှောက်မှုတွေလုပ်နေ

၂၉ ဇူလိုင်၊၂၀၂၄

လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသည့် NLD ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ကျဉ်း ၂၀၀ ကျော်ကို လုံခြုံတဲ့နေရာမှာ ကူညီစောင့်ရှောက်မှုတွေလုပ်နေတယ် လို့ သိရပါတယ်။

လားရှိုးအကျဉ်းထောင်မှာ ဇူလိုင် ၂၈ ရက် မနက်ပိုင်းက အကျဉ်းထောင် ပွင့်သွားတဲ့အတွက် စစ်ကောင်စီက မတရားဖမ်းဆီးပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရတဲ့ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေးအကျဉ်းသား၊ ရိုးရိုးအကျဉ်းသားတွေ လွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။

“တော်လှန်ရေးအင်အားစုတွေက လုံခြုံတဲ့နေရာကိုခေါ်ထုတ်ပြီး ကူညီစောင့်ရှောက်ပေးနေတာပါ။ အဲ့ဒီအထဲမှာတော့ MODရဲ့အောက်က လားရှိုးခရိုင် ပကဖလည်း ပါဝင်ပါတယ်” လို့ အမျိုးသားညီညွတ် ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနဲ့ နီးစပ်သူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

“ကျွန်တော်တို့လည်း ဒီအတိုင်းပဲကြားသိရတယ် အခုအချိန်အထိတော့ အဆက်အသွယ်မရသေးပါဘူး ဘာပဲဖြစ်ဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်အောက်မှာရှိနေတယ်ဆိုရင် စိတ်ချရပါပြီလို့” ဦးထွန်းထွန်းဟိန် ရဲ့ မိသားစုဝင် တစ်ဦးက New Day Myanmar ကိုပြောပါတယ်။

လက်ရှိမှာ လားရှိုးမြို့ကို MNDAA တပ်ဖွဲ့မှထိမ်းချုပ်ထားပြီး ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ကျဉ်း ၂၀၀ ကျော်မှာ MNDAA နဲ့ မဟာမိတ်တပ်ဖွဲ့တွေအပြင် အမျိုးသားညီညွတ် ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာ(MOD) လက်အောက်ခံအဖွဲ့တွေက စောင့်လျှောက်ထားတယ်လို့ သိရပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ လည်းဖြစ်သူ ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ – ၁၂၂၊ ရာဇသတ်ကြီးပုဒ်မ – ၅၀၅ (က) ၊ပုဒ်မ – ၅၀၅ (ခ) တို့ဖြင့် စစ်ကောင်စီက ထောင် ဒဏ် ၃၃ နှစ် မတရားချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။

အသက် ၇၅ နှစ် အရွယ်ရှိနေပြီဖြစ်သည့် ဦးထွန်းထွန်းဟိန်သည် ၂၀၂၀ ရွေး ကောက်ပွဲ တွင် ရှမ်း ပြည်နယ်၊ နောင်ချိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရထားသူလည်းဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read