Homeပြည်တွင်းသတင်းလားရှိုးမှာ သေလုမြောပါးဖြစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို MNDAA က ရှာတွေ့ရှိပြီးကယ်တင်

လားရှိုးမှာ သေလုမြောပါးဖြစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို MNDAA က ရှာတွေ့ရှိပြီးကယ်တင်

၁၀ ဩဂုတ်၊၂၀၂၄

လားရှိုးမြို့နယ်မှာ သေလုမြောပါးဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဝင်းအတွင်းက ဘန်ကာအောက်မှာ ပုန်းအောင်းနေစဉ် MNDAA က တွေ့ရှိပြီး ကယ် တင်ဆေးကုသပေးထားတယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မဟာမိတ်တပ်ကစစ်ဆေးရာမှာ ဘန်ကာတစ်ခုအောက်မှာ ဒဏ်ရာရတဲ့ စစ်သား ၁၃ ဦးကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ဒဏ်ရာရ စစ်သားသားတွေဟာ ဘန်ကာအောက်မှာ ပုန်းအောင်းကာ ရှင်သန်နေသေးကြောင်း နဲ့၎င်းတို့ဟာ ရက်အတန်ကြာမစားသောက်ရချင်း၊ အအေးမိခြင်းနဲ့ အနာပိုးဝင်ခြင်းတွေ ခံစားရနေပြီးသေ လုမြောပါးဖြစ်နေတာကြောင့် အချိန်မီကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ယင်းနောက် MNDAA တပ်ဖွဲ့က ဘန်ကာထဲမှ ဒဏ်ရာရရှိသူတွေကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ဖို့နဲ့ ဒဏ်ရာတွေကို ဆေးကုသမှုပေးဖို့ နောက်တန်းဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း၊ နိုင်ငံတကာ ဥပဒေတွေအရ စစ်ပွဲအတွင်း နှစ်ဖက်စလုံး ဖျားနာ ဒဏ်ရာရသူတွေ ၊ စစ်သုံ့ပန်းတွေနဲ့ အရပ် သားတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုသမှုနဲ့ အကာအကွယ်ပေးဖို့ တာဝန်ရှိပြီး အခြေခံလူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးဖို့ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့လည်း MNDAA က ဆိုပါတယ်။

MNDAA အနေနဲ့ လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ကို အမြဲလက်ကိုင်ထားပြီး တိုက်ပွဲအတွင်း အရပ်သားတွေနဲ့ စစ်သုံ့ပန်းတွေအတွက် သက်ဆိုင်ရာ ဦးစားပေး ဆက်ဆံမှု မူဝါဒတွေ ချမှတ်ပြီး စစ်သုံ့ပန်း တွေကို အကာအကွယ်ပေးလျက်ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Photo- The KoKang

ဆက်စပ် သတင်းများ

Most read