လားရှိုးမြို့မှာ ဧပြီလ ၂၃ ရက် ဒီကနေ့ မနက်ပိုင်းက စာသင်ပြန်လာတဲ့ မိန်းကလေးတစ်ဦး ဓားပြတိုက်ခံခဲ့ ရတယ်လို့သိရပါတယ်။
ဖြစ်စဥ်မှာ လားရှိုးမြို့ ပါရမီလမ်းသွယ် ၂၀၇၊ ထင်းရှုးမြိုင် သွားတဲ့လမ်းမှာ ဒီကနေ့မနက် ၈ နာရီအချိန်က ဖြစ်ပွား ခဲ့တာဖြစ်ပြီး အမျိုးသား (၂) ဦးက အဆိုပါမိန်းကလေးထံမှ ဖုန်းလုခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Wa News Land သတင်းမှာဖော်ပြထားပါတယ်။
အမျိုးသား (၂) ဦးက ဖုန်းလုရင်း၊ မိန်းကလေငယ်ရဲ့ လည်ပင်းကို ဓားအရှည် နဲ့ ခုတ်ဖို့ ရွယ်ရာကနေ လက်နဲ့ ကာ လိုက်တာကြောင့် လက်မှာဒဏ်ရာ ရသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
လားရှိုးမြို့မှာ လက်ရှိစစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ကြား အုပ်ချုပ်ရေး အပြောင်းအလဲကာလ ခိုးဆိုးလုယက်မှုတွေ အရင်ကထက်ပိုများလာနေပြီး တာဝန်ရှိသူတွေဖက်ကလည်း ရပ်ကွက်လုံခြုံရေးတွေ မယူပေးနိုင်ဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။
ဓာတ်ပုံ – CJ