Homeပြည်တွင်းသတင်းလားရှိုးမှာ စစ်ရှောင်လာတဲ့ ဒေသခံစစ်ဘေးရှောင် ၃၀၀၀ ဝန်းကျင်အထိရှိလာ

လားရှိုးမှာ စစ်ရှောင်လာတဲ့ ဒေသခံစစ်ဘေးရှောင် ၃၀၀၀ ဝန်းကျင်အထိရှိလာ

၁၂ အောက်တိုဘာ ၂၀၂၅

တရုတ်အကူအညီနဲ့ စစ်ကော်မရှင်က ပြန်ပြီး ထိန်းချုပ်ထားနိုင်တဲ့ ရှမ်းမြောက်ဒေ သ လားရှိုးမြို့မှာ ကျောက်မဲနဲ့ နမ္မတူဒေ သခံစစ်ဘေးရှောင် ၃၀၀၀ကျော် ရောက်ရှိခိုလှုံနေကြတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

လတ်တလောအခြေအရ ကျောက်မဲဒေ သကိုလည်း စစ်ကော်မရှင်က ထိန်းချုပ်ထားနိုင်ပြီး ကျောက်မဲဒေသခံတွေဟာ သူတို့ရဲ့ဇာတိမြို့ကို ပြန်လိုကြပေမဲ့ သီပေါနယ်ကို ဖြတ်ခွင့်မပြုတာကြောင့် လားရှိုးမြို့မှာဘဲ သောင်တင်နေ‌ကြရတယ်လို့ သိရပါတယ်။

“ကျွန်မတို့ က ပြန်ချင်တယ်။ သီပေါကို ပေးမဖြတ်တော့ ပြန်လို့မရဖြစ်တာ။ ပေးမဖြတ်တာက ဘာ့ကြောင့်ဆိုတာမေးကြာ့်တော့တိုက်ပွဲတွေကြောင့်ဘဲပြောတယ်။ ကျန်တဲ့ အကြောင်း ဘာမှမပြောဘူး။ပေူမဖြတ်တော့လည်း ဒီမှာဘဲဖြစ်သလိုနေကြရတာပေါ့။ ပြန်လို့ရရင် ပြန်ချင်တာပေါ့”လို့ လားရှိုးကိုရောက်နေတဲ့ စစ်ရှောင်အမျိုးသမီးတဦးက New Day Myanmar ကို ပြောပါတယ်။

ကျောက်မဲမြို့ကို စစ်ကော်မရှင်က ပြန် လည်သိမ်းယူပြီးနောက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော်(TNLA) လူပ်ရှားသွားလာတဲ့ မိုးမိတ် ၊ မိုင်းငေါ့ ၊ မိုင်းလုံ ၊ သီပေါ ၊ နမ္မတူ ၊ နမ့်ဆန် မြို့တွေကို စစ်ကော်မရှင်တပ်က ဆက်တိုက်ဆိုသလို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေတာပါ။

“ကျောက်မဲစစ်ရှောင်တွေလဲ မပြန်နိုင်သေးဘူး နမ္မတူက စစ်ရှောင်တွေလည်း တစ်နေ့တစ်နေ့ တိုးတိုးလာတယ်ပေါ့။ အကူအညီတွေတော့ အများကြီးလိုအပ်ပါသေးတယ်”လို့ ဒေသခံ စစ်ဘေးရှောင်ကူညီပေးသူ တဦးကဆိုပါတယ်။

လက်ရှိမှာ သီပေါနယ်ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော်(TNLA) တို့ သီပေါ- ကျောက်မဲကြား သီပေါမြို့နဲ့ ၁၀ မိုင်ခန့်အကွာလွယ်ခေါ် ကျေးရွာအနီးမှာ တိုက်ပွဲ‌တွေဆက် လက် ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-SSPP Info

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး