ဧပြီ ၂၁ ရက်မှာ ကိုးကန့်တပ် – MNDAA ဟာ လားရှိုးမြို့ကို စစ်ကောင်စီကိုလွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။ လားရှိုးမြို့လွှဲပြောင်းရေးကို တရုတ်အထူးကိုယ်စားလှယ် တိန်ရှီကျွင်းကိုယ်တိုင် ဦးဆောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
လားရှိုးမြို့ကို ဧပြီ ၂၁ ရက်မှာ စစ်ကောင်စီလက်ထဲကို ပြန်ထည့်ဖို့ လားရှိုးမြို့ထဲကို စစ်ကောင်စီနဲ့စစ်ကောင်စီဝန်ထမ်းတွေ ဝင်လာချိန် တရုတ်အထူးကိုယ်စားလှယ် တိန်ရှီကျွင်းကိုယ်တိုင် ဦးဆောင်ဝင်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လားရှိုးကို စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေ ဝင်လာချိန် “ဝ” တပ်နဲ့ ကိုးကန့်တပ် – MNDAA ဟာလုံခြုံရေးယူပေးခဲ့ရတာဖြစ်ပြီး ဧပြီ ၁၈ ရက်မှာလည်း နှစ်ဖက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးချက်အကြောင်းအရာမှာ အုပ်ချုပ်မှုအပိုင်းနဲ့ပတ်သက်ပြီးအဓိကဆွေးနွေးခဲ့သလို နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုအမြန်ဆုံးပြန်ဖွင့်နိုင်ကို ဦးစားပေးဆွေးနွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆက်ရေး ဒုတိယအပိုင်းမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို MNDAAပူးပေါင်းတပ်က ၂၀၂၄ သြဂုတ်မှာ သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပြီး တရုတ်ရဲ့ဖိအားပေူမှုကြောင့် စစ်ကောင်စီကို လားရှိုးမြို့ပြန်ပေးလိုက်တာဖြစ်ပါတယ်။
သို့ပေမယ့် ကိုးကန့်တပ် – MNDAA ဟာ လားရှိုးမြို့ကနေ အလုံးစုံထွက်ခွာမှာမဟုတ်ဘဲ မြို့ပြင်ကနေဆက်လက်အုပ်ချုပ်သွားမှာဖြစ်ပါတယ်။