Homeပြည်တွင်းသတင်းလားရှိုးမြို့မှာ အုပ်ချုပ်ရေးယန္တရားစတင်ပြီလို့ MNDAA အသိပေးကြေညာ

လားရှိုးမြို့မှာ အုပ်ချုပ်ရေးယန္တရားစတင်ပြီလို့ MNDAA အသိပေးကြေညာ

၂၆ ဇူလိုင်၊၂၀၂၄

လားရှိုးမြို့ ကို အပြီးတိုင် ထိမ်းချုပ်လိုက်ပြီး MNDAA က အုပ်ချုပ်ရေးယန္တရားစတင်နေပြီလို့ မြန်မာအမျိုး သားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ထုတ်ပြန်လာပါတယ်။

လားရှိုးမြို့ဟာ ယခုအခါလုံးဝလွတ်မြောက်သွားပြီဖြစ်ပြီး မြို့ရဲ့အုပ်ချုပ်ရေးယန္တရားတွေကို ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ (၁)အုပ်ချုပ်ရေးကော်မတီကလည်းကောင်း ၊ မြို့လုံ ခြုံရေးကို အထူးဒေသ (၁)ရဲ တပ်ဖွဲ့မှလည်းကောင်း ၊မြို့နယ်ကာကွယ်ရေးကို MNDAA ကလည်းကောင်းဆက်ခံလိုက်ပြီလို့ MNDAAရဲ့ စစ်ရေးကော်မတီက ဇူလိုင် ၂၆ ဒီနေ့မှာထုတ်ပြန်ပါတယ်။

MNDAA အနေနဲ့ လားရှိုးမြို့ရှိ အာဏာသိမ်းစစ်ကောင်စီတပ်တွေကို မြို့ပြင်ကို မောင်းထုတ်လိုက်ပြီး ၊မြို့တွင်း မှာ ခိုအောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကိုလိုက်လံ ချေမှုန်းလျက်ရှိတယ်လို့လည်း MNDAAရဲ့ စစ်ရေး ကော်မတီကထုတ်ပြန်ပါတယ်။

လားရှိုးမြို့အုပ်ချုပ်ရေးယန္တရားနဲ့ပတ်သက်တဲ့ အချက် ၉ ချက်ပါ ကြေညာချက်ကို MNDAA က ဇူလိုင်လ ၂၅ ရက် မနေ့က ရက်စွဲနဲ့ထုတ်ပြန်ထားပြီး အုပ်ချုပ်ရေးယန္တရားစတင်ပြီဆိုတဲ့ အကြောင်းကိုတော့ ၎င်းတို့ရဲ့ လူမှုကွန်ရက် စာမျက်ကနှာကတဆင့် ဒီကနေ့မှာ တရားဝင်ကြေညာလာတာပဲဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read