Homeပြည်တွင်းသတင်းလားရှိုးမြို့ပေါ် ရှိနေအိမ်တစ်လုံးပေါ် လက်နက်ကြီး ထိမှန် မိသားစုဝင် ၆ ဦး သေဆုံး

လားရှိုးမြို့ပေါ် ရှိနေအိမ်တစ်လုံးပေါ် လက်နက်ကြီး ထိမှန် မိသားစုဝင် ၆ ဦး သေဆုံး

၃ ဇူလိုင်၊၂၀၂၄

လားရှိုးမြို့ ၊ရပ်ကွက် (၁) သာယာလမ်းမှာရှိတဲ့ နေအိမ်တစ်လုံးပေါ်ကို ဒီကနေ့မနက် ၈နာရီ ဝန်းကျင်က လက်နက်ကြီး ကျဉ်ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ်အတွင်းရှိ မိသားစု ၆ ဦးလုံ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားတဲ့မိသားစုမှာ ကချင်လူမျိုးတွေဖြစ်တယ်လို့ သိရပြီး ၎င်းတို့ ရုပ်အလောင်းတွေကို ကချင်အသင်းတော်မှ လာရောက် သယ်ယူဖို့ စီစဉ်နေတယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

“ထိတာတော့ လက်နက်ကြီးကျဉ်ပဲ တစ်ချို့ကလည်း ရှော့တိုက်းဒုံးထိတာလို့ ပြောနေကြတယ် အတိ အကျတော့မသိရသေးဘူး မိသားစု ၆ ယောက် ကျား ၃ ၊မ ၃ သေသွားတယ် အခုသူတို့ ရုပ်အလောင်း တွေကို ကချင်အသင်းတော်က သယ်ဖို့လုပ်နေတယ်” လို့ လားရှိုးမြို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦး က New Day Myanmar ကိုပြောပါတယ်။

ယခုပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

လားရှိုးမြို့အနီးပတ်လည်ရှိ နမ့်ဟူးကျေးရွာနဲ့ နမ်ပေါင်ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်ကစတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနောတဖြစ်ကြောင်း သိရပြီး စစ်ကောင်စီက လားရှိုးမြို့ထဲမှ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ရှမ်းပြည်နယ်မှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက် မှုတွေကြောင့် ဇူလိုင်၂ရက်နေ့အထိ အရပ်သား ၂၅ ဦး သေဆုံးပြီး ၃၇ ဦး ထိခိုက်ဒဏ်ရာရကာ လူနေအိမ် ၅၀ ပျက်စီးခဲ့တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ် အဖွဲ့ဝင် တအာင်းတပ်(TNLA) က ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read