Homeပြည်တွင်းသတင်းလားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ တံတားငါးစင်းကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ TNLA ထုတ်ပြန်

လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ တံတားငါးစင်းကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ TNLA ထုတ်ပြန်

၂၉ ဇွန်၊၂၀၂၄

လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ တံတားငါးစင်းကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဇွန်လ ၂၉ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

လားရှိုး – မန်စံနဲ့ လားရှိုး – မန်ပွဲကို ဆက်သွယ်ထားတဲ့ တံတားနှစ်စင်းကို ဇွန်လ ၂၇ ရက်နေ့က စစ်ကောင်စီ တပ်က မိုင်းခွဲဖျက်ဆီးခဲ့သလို မန်ပွဲရွာ၊ ဆွတ်လန်းတံတားနဲ့ မန်စံရေကျတံတားတွေကိုလည်း ဇွန်လ ၂၅ ရက်နေ့က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ လားရှိုးမြို့အထိ စစ်ပွဲရောက်မလာအောင် တံတားတွေနဲ့ လမ်းတွေကို မိုင်းခွဲ ဖျက်ဆီးနေတာဖြစ်တယ်လို့ TNLA ကပြောဆိုထားပြီး အခုလို မိုင်းခွဲဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ အနေနဲ့ သွားရေးလာရေးနဲ့ ရိက္ခာသယ်ယူရေးပိုင်းတွေမှာ ခက်ခဲသွားတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသား ထားဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့ အပြင် မန္တလေးတိုင်းက မိုးကုတ်မြို့နဲ့ မတ္တရာမြို့တွေကို TNLA နဲ့ မန္တလေးတိုင်း PDF အပါအဝင် မဟာမိတ် ပူးပေါင်းတပ်တွေက ဇွန်လ ၂၅ ရက်ကစပြီး စတင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်က ဆယ်စုနှစ်တစ်ခုအကြာ နောင်ချိုမြို့မှာတပ်စွဲထားတဲ့ ခမရ (၁၁၅) တပ်စခန်းကိုလက်လွှတ်ခဲ့ရပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေလည်း ဆုံးရှုံးခဲ့တယ်လို့သိရပြီး စစ်ကောင် စီ ရဲ့ သတင်းနဲ့ပြန်ကြားရေးဘက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး ။

ဆက်စပ် သတင်းများ

Most read