၃၀ ဇန်နဝါရီ၊ ၂၀၂၅
မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ဟာ လားရှိုးမြို့ နဲ့ ဖုန်တားရွှင်ကို အလဲအထပ်ပြုလုပ်ပြီး တပ်ပြန်ဆုတ်ပေးခဲ့ရတာဖြစ်တယ်လို့ ကိုးကန့်တပ်နှင့်နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တားရွှင်ကို ဇန်နဝါရီ ၂၉ ရက်မှာ တရုတ်ဘက်ကပြန်လွှတ်ပေးခဲ့ပြီး တပြိုင်နက်တည်းမှာပဲ ကိုးကန့်တပ်တွေဟာ တဖြည်းဖြည်းချင်းဆုတ်ခွာနေတယ်လို့ သိရပါတယ်။
” ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တားရွှင်နဲ့အလဲအလှယ်လုပ်ခဲ့တာ။ ပြန်လွှတ်ပေးမယ် လားရှိုးမြို့ကနေ တပ်ဆုတ်ရမယ်ပေါ့။ အကုန်လုံးပြန်မဆုတ်သေးဘူး။ တဖြည်းဖြည်းချင်းဆုတ်သွားမှာပါ။ စစ်တပ်က နေရာပြန်ယူမယ်လို့ သိရတယ်” လို့ ကိုးကန့်တပ်ကဆိုထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းမှာ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ဟာ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ထို့ပြင် တရုတ်မှာ ဆေးကုသမှုခံယူနေတယ်ဆိုတဲ့ ကိုးကန့် တပ်ခေါင်းဆောင် ဦးဖုန်တားရွှင်ကို တရုတ် အာဏာပိုင်တွေ က ဖမ်းဆီးထိန်းသိမ်းထားတာပဲဖြစ်ပါတယ်။
ကိုးကန့်ဘက်ကလည်း လားရှိုးကို ကိုးကန့်အထူးဒေသ ၁ ထဲမှာထည့်သွင်းပေးဖို့ ကိုတောင်းဆိုထားပေမယ့် စစ်ကောင်စီက လားရှိုးကနေ တပ်တွေပြန်ဆုတ်ခွာပေးမှသာလျှင် နောက်ပိုင်းဆွေးနွေးမှုတွေဆက်လက် လုပ်ဆောင်မယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ လားရှိုးကနေ ကိုးကန့်တပ်တွေ တဖြည်းဖြည်းချင်း ပြန်လည်ဆုတ်ခွာနေပြီလို့ သိရပါတယ်။
Photo- PSLF/TNLA