Homeပြည်တွင်းသတင်းလားရှိုးတိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ လားရှိုးဒုတိယခရိုင်ရဲမှူးလှမျိုးကို MNDAA က ဆေးကုသပေးထားဟု ဆို

လားရှိုးတိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ လားရှိုးဒုတိယခရိုင်ရဲမှူးလှမျိုးကို MNDAA က ဆေးကုသပေးထားဟု ဆို

၆ ဩဂုတ်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်း တိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ လားရှိုးဒုတိယခရိုင်ရဲမှူး လှမျိုးကို ဆေးကုသပေးပြီး အခုအခါ ပြန်လည်ကျန်းမာသက်သာလာပြီဖြစ်ကြောင်း MNDAA က ကြေညာပါတယ်။

လားရှိုးမြို့စစ်ဆင်ရေးတိုက်ပွဲအစပိုင်းမှာ လားရှိုးမြို့တွင်း စစ်ဆေးရေးဂိတ်များနဲ့ လုံခြုံရေး ကင်းလှည့်မှုတွေကို ရဲမှူးလှမျိုးက တာဝန်ယူခဲ့ပြီး ဇူလိုင် ၂၀ ရက် စစ်ပွဲပြင်းထန်ချိန်မှာ လားရှိုးမြို့က ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။

ထွက်ပြေးရင်းနဲ့အမြောက်ကျည်ဆန်ထိမှန်ဒဏ်ရာရရှိတဲ့အတွက် ဆေးရုံကို သွားရောက်ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

လားရှိုးအရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို MNDAA နဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက်တဲ့အချိန်မှာ စစ်ကောင်စီဘက်က ဒဏ်ရာရရဲဘော်တွေနဲ့ စစ်သည်တွေကို စွန့်ပစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

MNDAA နဲ့ ပူးပေါင်းတပ်တွေက တပ်မတော်ဆေးရုံကို သိမ်းပိုက်ပြီးနောက် အောက်ခြေအရာရှိ၊ စစ်သည်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ဘေးကင်းရာကိုပြောင်းပြီး ဆေးကုသနိုင်ဖို့ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

အခုအခါ ဆေးကုသမှုခံယူပြီးတဲ့အတွက် လားရှိုးဒုတိယခရိုင် ရဲမှူးလှမျိုးရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်လာပြီလို့ MNDAA က ထုတ်ပြန်ကြေညာထားပါတယ်။

ဆက်စပ် သတင်းများ

Most read