စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးရမယ်လို့ ပြောပါတယ်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသလို ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်တည်ငြိမ်မှုလိုအပ်နေတဲ့ အချိန်ဖြစ်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ရွေးကောက်ပွဲကို ဒီ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလရဲ့ တတိယပတ်နဲ့ စတုတ္ထပတ်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလရဲ့ ပထမပတ်နဲ့ ဒုတိယပတ်တွေအတွင်း မှာကျင်းပပြုလုပ်ဖို့လျာထားတယ်လို သိရပါတယ်။
လက်ရှိမှာတော့ နိုင်ငံတဝှမ်းမှာ စစ်ကောင်စီထိန်းချုပ်နိုင်တဲ့ ဒေသတွေ နည်းပါးလားနေပြီး တော်လှန်ရေး တပ်ဖွဲ့တွေက အရှိန်နဲ့ တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ သဘောကျလုပ်မယ့် အယောင်ဆောင်ရွေးကောက်ပွဲဟာ အောင်မြင်မှာ မဟုတ်သလို အကျိုးရှိမှာမဟုတ်ဘူးလို့လည်း နိုင်ငံရေးလေ့လာသုံသပ်သူတွေကပြောနေကြပါတယ်။
အမျိုးသားညီညွတ်ရေအစိုးရ အပါအဝင် တော်လှန်ရေးအဖွဲဲ့တွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြဖို့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုပြုလုပ်တယ်ဆိုပြီး အကြောင်းပြကာ အာဏာကို သိမ်းယူခဲ့တာလည်းဖြစ်ပါတယ်။
ဓါတ်ပုံ – စစ်ကောင်စီ