ရန်ကုန်မြို့ ၊ လသာမြို့နယ် ၊ ၁၈လမ်းထိပ်က အမှိုက်ပုံးတစ်ခုမှာ မွေးကင်းစ ကလေးငယ် ရုပ်အလောင်းတစ်လောင်းလာရောက်စွန့်ပစ်ခဲ့တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီကလေးငယ်ရဲ့ရုပ်အလောင်းကို ဒီကနေ့ ဇွန် ၃၀ ရက် နေ့လယ်ပိုင်းအချိန်က အဲ့ဒီအမှိုက်ပုံးမှာ အမှိုက်လာကောက်တဲ့သူက စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
လာပစ်ခံရတဲ့ ကလေးငယ်ဟာ သွေးမခြောက်သေးတဲ့ မွေးကင်းစ မိန်းကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းဖြစ်ပြီး ၊ ထဘီနဲ့ပတ်ကာ ကြွပ်ကြွပ်အိတ်နဲ့ ထုတ်လျက်သား အဲ့ဒီအမှိုက်ပုံးမှာလာပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့အတွင်း ကလေးလာရောက်စွန့်ပစ်တာတွေ မွေးကင်းစသေဆုံးတဲ့အလောင်းစွန့်ပစ်တာတွေရှိနေပေမယ့် အခုအချိန်အထိ ထိရောက်တဲ့ ဖမ်းဆီးအရေးယူအပြစ်ပေးတာတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။
ဓာတ်ပုံ-CJ


