ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မော်တင်ယာယီဈေးရပ်ကွက်၊ ကျောက်လမ်းပေါ်မှာ Light Truck ယာဉ် ၁ စီးအရှိန်လွန်ကာ လမ်းသွားလမ်းလာတွေကို တိုက်မိခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ၂ နာရီခွဲကျော်အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီးအဆိုပါယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ကို ပတ်ဝန်းကျင်ရှိပြည်သူတွေက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူအမျိုးသား ရုပ်အလာင်းကိုအေးမေတ္တာလူမှုကူညီရေးအသင်း သူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုပို့ ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။
တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိတာကြောင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – MFSD


