မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မြေငလျင်ဘေးနဲ့ကြုံနေရတဲ့ ခက်ခဲတဲ့ကာလမှာ ထိရောက်တဲ့ ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ မျှော်လင့်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန် (Vivian Balakrishnan)က သူရဲ့ လူမှုကွန်ရက်ကနေ မတ်လ ၃၀ ရက် ဒီနေ့မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒါဟာ လူ့အသက်တွေကို ကယ်ဖို့နဲ့လိုအပ်တဲ့နေရာတွေကို အာရုံစိုက်ပြီး ကူညီပေးနိုင်ဖို့ဖြစ်ကြောင်းနဲ့ ရေရှည်အတွက်လည်း မြန်မာနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက် ပံ့ပိုးသွားမယ်လို့ သူကပြောဆိုထားပါတယ်။
ဆက်လက်ပြီး စင်ကာပူဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အဆိုးရွားဆုံးငလျင်ဘေးဒဏ်ကိုရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိနေတယ်လို့လည်း သူဆိုပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းကအခြေအနေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ မတ်လ ၃၀ ရက်ကစလို့ နိုင်ငံတစ်ဝန်းမှာ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကြေညာထားပါတယ်။
စစ်ကောင်စီကတော့ အပစ်အခတ်ရပ်စဲရေကြေညာတာ မရှိသေးသလို ဒီကနေ့မှာလည်း ပေါက်မြို့နယ် အတွင်း ကို လေကြောင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – social media