Homeပြည်တွင်းသတင်းရှမ်း/မြောက် သီပေါမြို့မှာ SSPP/SSA တပ်ဖွဲ့ဝင် သုံးဦးပါဝင်တဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူတွေ ဖမ်းမိတယ်လို့ စစ်ကော်မရှင် ထုတ်ပြန်

ရှမ်း/မြောက် သီပေါမြို့မှာ SSPP/SSA တပ်ဖွဲ့ဝင် သုံးဦးပါဝင်တဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူတွေ ဖမ်းမိတယ်လို့ စစ်ကော်မရှင် ထုတ်ပြန်

၁၈ ဒီဇင်ဘာ ၂၀၂၅

ရှမ်း/မြောက် သီပေါမြို့မှာ SSPP/SSA တပ်ဖွဲ့ဝင် သုံးဦးပါဝင်တဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူတွေကို ဖမ်းဆီးရမိတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်လာပါတယ်။

ဖမ်းဆီးရမိသူတွေဟာ သီပေါမြို့နယ်၊ ပန်စင်ကျေးရွာအနီးမှာ ကျားဖြန့်အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၅ ဦး၊ မြန်မာနိုင်ငံသူ ၁ ဦးနဲ့ SSPP/SSAတပ်ဖွဲ့ဝင် ၃ ဦးတို့ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိထားတာဖြစ်တယ်လို့ မနေ့က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ပန်စင်ကျေးရွာအနီးမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေတဲ့သတင်းအရ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ လက်နက်ကိုင် ၂ ဦးက လုံခြုံရေးအဖွဲ့ဝင်တွေကို စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ဝင်ရောက်ရှင်းလင်းခဲ့ရာမှာ SSPP/SSA တပ်ဖွဲ့ဝင် ၃ ဦးအား AK-47 ၁ လက်၊ M-22 ၁ လက်၊ MK-12 ၁ လက်၊ ပွိုင့်-၂၂ ၁ လက်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း‌ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်အတွင်း အဲ့ဒီနေရာမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသူ ၂၀၀ ဦးခန့်ထိရှိပြီး နှစ်ဘက်တိုက်ခိုက်အတွင်းထွက်ပြေးသွားခဲ့ကြတယ်လို့လည်း ဖော် ပြထားတာပါတယ်။

ဓာတ်ပုံ-MOI

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး