Homeပြည်တွင်းသတင်းရှမ်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲ ၊ ၄ နှစ် သမီး အပါအဝင် မိသားစုဝင် ၃ ဦး...

ရှမ်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲ ၊ ၄ နှစ် သမီး အပါအဝင် မိသားစုဝင် ၃ ဦး သေဆုံး

ဇူလိုင် ၂၀၂၅

ရှမ်း – ကရင်နီ နယ်စပ် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ဇူလိုင် ၇ ရက် ည၁၁နာရီအချိန်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ၄ နှစ်သမီးအရွယ် ကလေးငယ်တစ်ဦးနဲ့ မိသားစုဝင်၂ ဦး သေဆုံးခဲ့တယ်လို့ ဖယ်လုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ PK Police က နေသိရပါတယ်။

ဒါအပြင် ၂ နှစ်အရွယ်ကလေး ၁ ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး၊အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦး နဲ့ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ တစ်ရက်တည်းမှာဘဲ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း တစ်နေရာကိုလည်း ပေါင် ၂၀၀ ဗုံး ၂ လုံး ထပ်မံ ကြဲချခဲ့တာကြောင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဗုံး ၁ လုံးမှာ မပေါက်ကွဲခဲ့ဘူးလို့သိရပါတယ်။

လတ်တလော ရှမ်း-ကရင်နီ နယ်စပ်က မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ထားလိုက်ပြီဖြစ်တာကြောင့်လွိုင်ကော်-မိုးဗြဲလမ်းမကြီးတစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်။

ဓါတ်ပုံ – PK Police

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး