Homeပြည်တွင်းသတင်းရှမ်းမြောက် နောင်ချိုမှာ TNLA နဲ့ စစ်တပ် တိုက်ပွဲ ပြင်းထန်

ရှမ်းမြောက် နောင်ချိုမှာ TNLA နဲ့ စစ်တပ် တိုက်ပွဲ ပြင်းထန်

၁၅ ဇွန်၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ရွှေသွန်း၊ ပိန္နဲကုန်းနှင့် ညောင်တော ကျေးရွာအနီး တအာင်းတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ TNLA သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန် ၁၄ ရက်နေ့၊ နေ့လည် ၁၂ နာရီ ၂၀ မိနစ်အချိန်က ရွှေသွန်းကျေးရွာအနီးမှာ TNLA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ၃၅ လုံးနဲ့ ဒရုန်းဗုံး ၁၂ လုံး နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပိန္နဲကုန်းနဲ့ ညောင်တောကျေးရွာအနီးမှာလည်း နှစ်ဘက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ၄၁ လုံးနှင့် ဒရုန်းဗုံး ၇ လုံး အသုံးပြုပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၁၂ ရက်ကလည်း ကန်ကြီးကျေးရွာအနီးမှာ TNLA နဲ့ စစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်က လက်နက်ကြီး ၅၀ လုံးနဲ့ ဒရုန်းဗုံး ၁၅ လုံးကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်သတ်အပစ်ရပ်ကာလ တစ်လကို သက်တမ်းတိုးထားပေမယ့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရေးတွေ ဆက်လက် ပြုလုပ်နေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read