Homeပြည်တွင်းသတင်းရှမ်းမြောက်၊ရခိုင်နဲ့မန္တလေးတိုင်းအတွင်းက စစ်ရေးအောင်မြင်မှုတွေအပေါ် ဝမ်းမြောက်ဂုဏ်ယူတယ်လို့ ကရင်နီပြည်တပ်ပေါင်းစုံက ထုတ်ပြန်

ရှမ်းမြောက်၊ရခိုင်နဲ့မန္တလေးတိုင်းအတွင်းက စစ်ရေးအောင်မြင်မှုတွေအပေါ် ဝမ်းမြောက်ဂုဏ်ယူတယ်လို့ ကရင်နီပြည်တပ်ပေါင်းစုံက ထုတ်ပြန်

၅ ဩဂုတ်၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းအတွင်းက စစ်ရေးအောင်မြင်မှုတွေကို ဝမ်းမြောက် ဂုဏ်ယူတယ်လို့ ကရင်နီပြည်တပ်ပေါင်းစုံက မနေ့က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ စစ်ကောင်စီ အရှေ့မြောက်တိုင်း စစ် ဌာန ချုပ်(ရမခ)ကို ဩဂုတ်လ ၃ ရက်နေ့က မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ အခြားတော်လှန်ရေးအင်အားစုတွေက အောင်မြင်စွာ သိမ်းပိုက်လိုက်နိုင်ခြင်းအပေါ် ကရင်နီပြည်တပ်ပေါင်းစုံက အားရဝမ်းသာဂုဏ် ယူပါတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် သိမ်းပိုက်နိုင်မှုအပါအဝင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းတွေအထိ စစ်ရေးအောင်မြင်မှုတွေအပေါ် ကရင်နီပြည်နယ်တပ်ပေါင်းစုံမှ ဂုဏ်ယူ ဝမ်းမြောက်တယ်လို့လည်း ဆိုပါတယ်။

၁ဝ၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းရဲ့ တစ်ရက်ပြီးတစ်ရက် စစ်ရေးအောင်နိုင်မှုတွေရှိလာတာကလည်း စုပေါင်းအင်း အားနဲ့ တက်ညီလက်ညီ စည်းလုံးမှု အကျိုးဆက်ကြောင့် ဖြစ်တဲ့အပြင် MNTJP ရဲ့ စစ်ရေးမဟာဗျူဟာ ပြောင်မြောက်မှုကြောင့် စစ်ကောင်စီတပ်စခန်းတွေ အလီလီကျရှုံးခဲ့ရခြင်းဖြစ်တယ်လို့လည်း ကရင်နီပြည် တပ်ပေါင်းစုံက ထုတ်ပြန်ပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်လျှောက်ရန်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် ထုတ်ပြန် ကြေညာ ထားသည့်အပေါ် အားရယုံကြည်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုက်တက်ရေးကို အမြန်ဆုံး ပြန်လည်ဆောင်ရွက်နိုင်ပါစေကြောင်း ကရင်နီတပ်ပေါင်းစုံမှ ဆန္ဒပြုထားပါတယ်။

ကရင်နီတပ်ပေါင်းစုံအနေနဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု စနစ်သစ်ပေါ်ထွန်းရေးအတွက် ကျရာနေရာမှ ပြည်သူလူထုတရပ်လုံး မျှော်မှန်းလျက် ရှိသော စစ်ရေး ၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဟန်ချက်ညီစွာနဲ့အတူတကွ ဆက်လက်တိုက်ပွဲဝင်ရင်း ရှမ်းပြည်နယ်မြောက်ပိုင်း တော်လှန် ရေး အင်အားစုတွေရဲ့ စစ်ရေးအောင်ပွဲကို ဂုဏ်ပြုအပ်ပါ ကြောင်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read