Homeပြည်တွင်းသတင်းရှမ်းမြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီး လားရှိုးမြို့ လုံးဝ လွတ်မြောက်ပြီလို့ MNDAA ကြေညာ

ရှမ်းမြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီး လားရှိုးမြို့ လုံးဝ လွတ်မြောက်ပြီလို့ MNDAA ကြေညာ

၂၅ ဇူလိုင်၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ပြီဖြစ် ကြောင်းနဲ့ လားရှိုးမြို့ ဟာ လွတ်မြောက်နယ်မြေဖြစ်သွားပြီလို့ ကိုးကန့်တပ် မတော်(MNDAA)က ဒီကနေ့ မနက်မှာ ထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီရဲ့ တိုင်းစစ်ဌာချုပ် (၁၄) ခုရှိတဲ့အနက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ ပထမဆုံး အသိမ်းခံရတဲ့ တိုင်းစစ်ဌာနချုပ်လည်းဖြစ်လာပါတယ်။

“၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAAတပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝသိမ်းပိုက်နိုင်ခဲ့သည်။ လားရှိုးမြို့ကို လုံး၀လွတ်မြောက် ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာထားသလို လားရှိုးမြို့ လွတ်မြောက်ရေး တော် လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်”ဟု MNDAAက ထုတ်ပြန်ပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲကို ကိုးကန့်နဲ့ မဟာမိတ်တပ်တွေက ဇူလိုင် ၃ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဒီကနေ့ မနက်မှာ မြို့သိမ်းတိုက်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ယခု လားရှိုးစစ်တိုင်း ရမခဌာနချုပ်ကို သိမ်းနိုင်ခြင်းဟာ တိုင်းရင်းသားတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုကို ပထမဆုံးသိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read