၂၇ ဒီဇင်ဘာ၊၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း ဆက်စပ်ဒေသတွေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ တရုတ်နိုင်ငံရဲ့စီမံကိန်း (၂၃) ခုကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေက အပြည့်အဝထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ISP Myanmar ကကောက်ယူထားတဲ့အချက်အလက်အအရ သိရပါတယ်။
ရှမ်းပြာ်နယ် (မြောပ်ပိုင်း)အပါအဝင် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေက တရုတ်ရင်းနှီး မြုပ်နှံ့မှု စီမံကိန်း ၂၃ ခုရှိသည့်အနက် ၁၃ ခုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့တွေနဲ့ PDFတပ်များက အပြည့်အဝထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း တရုတ်-မြန်မာ ရေနံနဲ့သဘာဝပိုက်လိုင်း နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းနဲ့ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း-ရေကြောင်းကုန်သွယ်ရေးစင်္ကြံသစ် (ILSTC) တို့အပါအဝင် မူဆယ်-မန္တလေးရထားလမ်း အပြင်ကုန်သွယ်ရေးလမ်းကြောင်းတွေကိုလည်း EAOs တွေကတစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်တွင်လည်း တရုတ်ရင်းနှီး မြုပ်နှံ့မှုစီမံကိန်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို အာရက္ခတပ်တော် AA ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ကထိန်းချုပ်ထားပြီး ထိုအထဲတွင် အမ်းနဲ့ သံတွဲမြို့တွေရှိ လေအား လျှပ်စစ်စီမံကိန်းကို အပြည်အဝထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ကျောက်ဖြူရေနက်စီမံကိန်း၊အထူးစီးပွားရေးဇုံစီမံကိန်း၊မန္တလေး-ကျောက်ဖြူ ရထားလမ်း စီမံကိန်း၊ တရုတ်-မြန်မာ ရေနံနဲ့သဘာဝပိုက်လိုင်းအပါအဝင် ကုန်သွယ်ရေး လမ်းကြောင်း တစ်ချို့ကိုလည်း အာရက္ခတပ်တော် AA က တစ်စိတ်တစ်ပိုင်း ထိန်းချူပ်ထားတယ်လို့ သိရပါတယ်။
Photo – ISP Myanmar