Homeပြည်တွင်းသတင်းရှစ်လေးလုံးအရေးတော်ပုံ (၃၇)နှစ်ပြည့်မှာ စစ်(၃)စစ်အမြစ်ပြတ်အောင်တိုက်ထုတ်ကြဖို့ PPNM တိုက်တွန်း

ရှစ်လေးလုံးအရေးတော်ပုံ (၃၇)နှစ်ပြည့်မှာ စစ်(၃)စစ်အမြစ်ပြတ်အောင်တိုက်ထုတ်ကြဖို့ PPNM တိုက်တွန်း

ဩဂုတ် ၂၀၂၅

ဒီနေ့ ဩဂုတ် ၈ ရက်မှာကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ(၃၇)နှစ်ပြည့်မှာစစ်(၃)စစ်ကို အမြစ်ပြတ်အောင်တိုက်ထုတ်သွားကြဖို့နဲ့ ဖက်ဒရယ်စနစ်ကို အ ခြေခံတဲ့ ဒီမိုကရေစီအစိုးရပေါ်ပေါက်ရေးကြိုးပမ်းသွားရမှာဖြစ်တယ်လို့ မြန် မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က တိုက်တွန်းထားပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံဟာ စစ်အာ ဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့ အရေး တော်ပုံတွေထဲမှာထင်ရှားတဲ့ လူထုတော် လှန်ရေးတစ်ခုဖြစ်ပြီး၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယားကို ဖြိုချဖျက်စီးနိုင်ဖို့ ပြည်သူလူထုပေါင်းများစွာက ကျရာအခန်းကဏ္ဍတွေမှာ တာဝန်ကျေခဲ့ကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ရှစ်လေးလုံးအရေးတော်ပုံကာ လကနေ သန္ဓေမျိုးစေ့ထပ်မံချပေးခဲ့တဲ့ ဒီမိုကရေစီတောင်းဆိုတိုက်ပွဲ ခရီးဟာ ၂၀၂၁ ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေးအထိလက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြပြီး ခရီးဆုံးပန်းတိုင်ရောက်တဲ့အထိဆက် လက်ချီတက်နေရဦးမယ်လို့ဖော်ပြထားပါတယ်။

ဒါကြောင့် လက်ရှိအချိန်ထိ အသက်ရှင်ကျန်ရှိနေတဲ့ မျိုးဆက်အသီးသီးပေါင်း စည်းပြီး စစ်(၃)စစ်အမြစ်ပြတ်အောင် ညီညီညွတ်ညွတ် တိုက်ထုတ်ပြီး ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီအစိုးရပေါ်ပေါက်ရေးကြိုးပမ်းမှုမှာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူဆက်လက်ကြိုးစားသွားဖို့ ကတိပြုတယ်လို့ဆိုပါတယ်။

ပုံစာ – ၂၀၂၂ ခုနှစ်က ၈လေးလုံးအရေးတော်ပုံ အထိမ်အမှတ် ထီးသပိတ်ဆင်နွဲခဲ့ကြစဉ်

ဓါတ်ပုံ- ရန်ကုန်လူထုသပိတ်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး