မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အုန်းနှဲရေအရှေ့ကျေးရွာမှာရှိတဲ့ ရှစ်ထပ်ရေတံခွန်တောင်မှာ ရေကစားနေရာကနေ တောင်ကျရေ စီးဆင်းလာတာကြောင့် ပြုတ်ကျပျောက်ဆုံးနေတဲ့ အမျိုးသမီး ၂ ဦးထဲက ၁ ဦးကို ဒီကနေ့ စက်တင်ဘာ ၃၀ ရက် နေ့လည်ပိုင်းမှာ အသက်သေဆုံးလျက်ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီအမျိုးသမီးဟာအမေရိကန်နိုင်ငံသူတဦးဖြစ်တယ်လို့ မန္တလေးတိုင်းမြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့ ဆီကနေသိရပါတယ်။
အဲဒီ အမေရိကန်နိုင်ငံသူအမျိုးသမီးကို သုံးထပ်ရေတံခွန်အောက် ခြေမှာ တွေ့ရှိခဲ့တာဖြစ်ပြီးတော့ ဒေသတွင်းလူမှုကူညီရေးအသင်းကားနဲ့ ပြင်ဦးလွင် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ပျောက်ဆုံးနေဆဲဖြစ်တဲ့ ကျန်တဦးကို ဆက်လက်ရှာဖွေနေတယ် လို့ သိရပါတယ်။
မနေ့က စက်တင်ဘာ ၂၉ ရက် ညနေ ၃ နာရီခွဲအချိန်ခန့် ရှစ်ထပ်ရေတံခွန်တောင်မှာ လူ ၁၄ ဦးသွားရောက် ရေက စားခဲ့ရာကနေတောင်ကျရေကြောင့် ရုရှားနိုင်ငံသား ၁ ဦးအပါအမျိုးသမီး ၄ ဦး ပြုတ်ကျခဲ့တာလို့ သိရပါတယ်။
ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)


