Homeပြည်တွင်းသတင်းရွှေဘိုအကျဉ်းထောင်မှာ အကျဥ်းသားတွေနဲ့ဧည့်တွေ့ခွင့် နာရီဝက်ကို ကျပ် ၃ သိန်းပေးနေရ

ရွှေဘိုအကျဉ်းထောင်မှာ အကျဥ်းသားတွေနဲ့ဧည့်တွေ့ခွင့် နာရီဝက်ကို ကျပ် ၃ သိန်းပေးနေရ

၃ ဒီဇင်ဘာ၊၂၀၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုအကျဉ်းထောင်မှာ အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေတွေ့ဆုံနိုင်တဲ့ ဧည့်တွေ့ ခွင့်အတွက် အချိန် နာရီဝက်ကို ကျပ် ၃ သိန်းပေးမှသာတွေဆုံခွင့်ရနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်လာပါတယ်။

PPNM ရဲ့ စုံစမ်းတွေ့ရှိချက်တွေအရ လက်ရှိ ရွှေဘိုအကျဉ်းထောင်မှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ တာဝန်ခံ ထောင်ပိုင်အောင်လွင် ဆိုသူက အကျဉ်းသားတွေ့ခွင့်ကို ဈေးကွက်တစ်ရပ်အဖြစ် ပုံဖော်လျက် အချိန်နာရီဝက်( မိနစ် ၃၀)ကို ကာလတန်ဖိုးငွေကျပ်(၃)သိန်းခန့် တန်ဖိုးသတ်မှတ်ကာ လုပ်ဆောင်နေကြောင်းနဲ့ သတ်မှတ်ထားတဲ့ ငွေတန်ဖိုး မပေးနိုင်ပါက မိသားစုနဲ့ တွေ့ဆုံခွင့် မရဖြစ်နေတာကို စီစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ထိုအပြင် အကျဉ်းသားကျွေးမွေးစီမံရေးမှာ အကျဉ်းထောင် သတ်မှတ်နှုန်းထားအတိုင်းမဟုတ်ဘဲ တစ်ရက် ခြား ကြက်ဥ(၁)လုံးကျစီသာပေးပြီး အကျဉ်းသားကျွေးမွေးစရိတ်ပေါ်မှ ထောင်ပိုင်အ‌နေနဲ့ ကိုယ်ကျိုးစီးပွားရှာ နေတာ ကို နိုဝင်ဘာလအတွင်း အကျဉ်းဦးစီးဌာနမှ ထွက်‌ပြေးလာတဲ့ အကျဉ်း‌ထောင် ဝန်ထမ်းဟောင်းတစ်ဦးရဲ့ ပြောဆိုမှုအရ အဆိုပါကိစ္စရပ်အတွက် အကျဉ်းထောင်အားစုံစမ်းရာ မှန်ကန်ကြောင်းအတည်ပြုနိုင်ခဲ့တယ်လို့ PPNM က ဆိုပါတယ်။

စစ်ကောင်စီက ရွှေဘိုအကျဉ်းထောင်မှာ အကျဉ်းသားတွေရဲ့ ဧည့်တွေ့ခွင့်ကို ၂၀၂၄ခုနှစ်ဇွန်လမှစ လုံခြုံရေး အကြောင်းပြကာ ပိတ်ပင်ထားခဲ့တာဖြစ်ဆယ်လို့လည်း သိရပါတယ်။

ဆက်စပ် သတင်းများ

Most read