Homeပြည်တွင်းသတင်းရွှေပြည်သာ ဝါးတရာစက်မှုဇုန်အတွင်း အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား

ရွှေပြည်သာ ဝါးတရာစက်မှုဇုန်အတွင်း အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား

၁၈ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ ငှက်ပျောတောလမ်းအတွင်းမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက် မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်ခန့်က အထည်ချုပ်စက်ရုံတစ်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုသတင်းရရှိပြီးနောက် ရွှေပြည်သာမြို့နယ် မီးသတ်စခန်းကနေ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၂ စီးကို ချက်ချင်း ထွက်ခွာစေပြီး မီးငြှိမ်းသတ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်ခန့်မှာတော့ Level 1 ယာဉ်အုပ်စုတွေကို ထပ်မံစေလွှတ်ပြီး မီးငြှိမ်းသတ်ရေး ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်း ၁ နာရီ ၀၃ မိနစ်အချိန်မှာ Level 2 ယာဉ်အုပ်စုတွေနဲ့ မီးသတ်ဌာနချုပ်က ယာဉ်အုပ်စုတွေပါ ထပ်မံရောက်ရှိလာပြီး မီးကို ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာဖြစ်ပါတယ်။

မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၁ နာရီ ၃၈ မိနစ်အချိန်မှာ မီးကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ အပြီးသတ် မီးငြှိမ်းသတ်ရေးနဲ့ အခြေအနေစစ်ဆေးရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူရှိမရှိ၊ ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကိုတော့ သက်ဆိုင်ရာဘက်က ဆက်လက် စုံစမ်းအတည်ပြုနေဆဲဖြစ်ပါတယ်။

ဓါတ်ပုံ – MFSD

#ရွှေပြည်သာ

#ဝါးတရာစက်မှုဇုန်

#အထည်ချုပ်စက်ရုံ

#မီးလောင်မှု

#NewDayMyanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး