ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန် ၂လမ်းဘေးကအမှိုက်ပုံမှာ မွေးကင်းစကလေးငယ်အလောင်း လာရောက်စွန့်ပစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်မနက်အစောပိုင်းအချိန်က စွန့်ပစ်ခံရတာလို့သိရှိထားရပြီး ၊ ပတ်ဝန်ကျင်မှာရှိတဲ့ CCTV မှတ် တမ်းကနေတဆင့် စွန့်ပစ်သူတွေကို စုံ စမ်းနေတယ်လို့ ရွှေပြည်သာမြို့နယ်နေသူတစ်ဦးက ဆိုပါတယ်။
“CCTVမှတ်တမ်းအရတော့ မနက် ၅ နာရီလောက်မှာ အဝတ်စနဲ့အထပ်ထပ်ပတ်ထားတဲ့ ကလေးအလောင်းပါ။ မွေးကင်း စပါ။ မနက်စေိးသွာစေိးလာတွေက ပုံမှန်အပုပ်နံ့မဟုတ်တာကြောင့် အမှိုက်ပုံးကို ရှာရာကနေ တွေ့တာပါ။ အခုတော့ လာပစ်တဲ့သူတွေကို ရှာနေပါတယ်”လို့ အဲ့ဒီအနီးနားမှာနေတဲ့ အမည်မဖော်လို့သူ တစ်ဦးက New Day Myanmar ကိုပြောပါတယ်။
လတ်တလော ကလေးငယ်ရုပ်အလောင်းကို ကနောင်လူမှုကူညီရေးအသင်းက အင်းစိန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။


