Homeပြည်တွင်းသတင်းရွှေဆိုင်တွေ သတ်မှတ်စျေးနဲ့ မရောင်းရင် အရေးယူမယ်လို့ ရန်ကုန်ရွှေအသင်းထုတ်ပြန်

ရွှေဆိုင်တွေ သတ်မှတ်စျေးနဲ့ မရောင်းရင် အရေးယူမယ်လို့ ရန်ကုန်ရွှေအသင်းထုတ်ပြန်

၅ ဇွန်၊ ၂၀၂၄

ရွှေဈေးတည်ငြိမ်ဖို့အတွက် ရွှေဆိုင်တွေ ပိတ်ထားတာမျိုးမလုပ်ဘဲ နေ့စဉ်ဖွင့်လှစ်ရောင်းချရမှာဖြစ်သလို သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနှုန်းတွေအတိုင်း အရောင်းအဝယ်မလုပ်ရင်လည်း ထိထိရောက်ရောက် အရေးယူမယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ဇွန်လ ၅ ရက် ဒီနေ့မှာ ထုတ်ပြန် လိုက်ပါတယ်။

ရွှေလုပ်ငန်းရှင်အသင်းက နေ့စဉ်ရောင်းချရမဲ့ဈေးနှုန်းကို တစ်နေ့ သုံးကြိမ်ထုတ်ပြန်ပေးနေပြီး အဲဒီထုတ်ပြန် တဲ့ ဈေးနှုန်းအတိုင်းရောင်းသာ ရောင်းချရမယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းရွှေအသင်းကတော့ ဒီနေ့အတွက် အခေါက်ရွှေတစ်ကျပ်သားကို ၄၈ သိန်းကျော် (၄,၈၁၅,၀၀၀ ) နဲ့ အရာင်းအဝယ်လုပ်ဖို့ သတ်မှတ်ထားပါတယ်။

ဒီလိုသတ်မှတ်လိုက်တဲ့အပေါ် မလိုက်နာတဲ့ ရွှေဆိုင်တွေလည်းရှိလာနိုင်ပြီး မှောင်ခိုဈေးကွက် ဖြစ်လာနိုင် တယ်လို့ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ သူတို့ကတော့ ထုတ်ပြန်မှာပဲ အပြင်မှာတော့ ရွှေဆိုင်သေးသေးလေးတွေကတော့ ကြိုက်ရောင်း၊ကြိုက် ဝယ်နဲ့ပဲ အလုပ်လုပ် နေကြတာများတယ် ဆိုင်ကြီးတွေတော့ဘယ်လိုလုပ်မလည်းမသိဘူး သူတို့သက် မှတ်ထားတဲ့ နှုန်းက အရောင်းအဝယ်လုပ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ “ အမည်မဖော်လိုသူ အသေးစား ရွှေလုပ်ငန်းရှင်တစ်ဦးက New Day Myanmar ကိုပြောပါတယ်။

YGEA ကတော့ သတ်မှတ်ထားတဲ့ ရည်ညွှန်းစျေးနဲ့ ရွှေဆိုင်တွေအားလုံး အရောင်းအဝယ်လုပ်ကြဖို့ ရွှေနဲ့ ငွေကြေးစျေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီနဲ့ ဌာနဆိုင်ရာတွေပူးပေါင်းပြီး ရွှေစျေးနှုန်းတည်ငြိမ်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။

ပြင်ပရွှေဈေးကွက်မှာတော့ YGEA က သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း အရောင်းအဝယ်မဖြစ်ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ရေးနဲ့ပဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ ရွှေဆိုင်ပိုင်ရှင်တွေဆီက သိရပါတယ်။

စစ်တပ် အာဏာမသိမ်းခင်က တစ်ကျပ်သားကို ၁၃ သိန်းခန့်သာရှိခဲ့တဲ့ အခေါက်ရွှေဈေးဟာ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ၅၈ သိန်းအထိ လေးဆနီးပါး မြင့်တက်ခဲ့သလို ဒေါ်လာစျေးကလည်း အာဏာမသိမ်းခင် ၁၃ဝဝ ခန့်ကနေ ၄၈ဝဝ ကျပ်အထိ သုံးဆကျော် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read