Homeပြည်တွင်းသတင်းရွှေစျေးနဲ့ နိုင်ငံခြားငွေစျေးပြန်ကျပြီး မြန်မာငွေစျေး အနည်းငယ် ပြန်တက်လာ

ရွှေစျေးနဲ့ နိုင်ငံခြားငွေစျေးပြန်ကျပြီး မြန်မာငွေစျေး အနည်းငယ် ပြန်တက်လာ

၁ ဇွန် ၊ ၂၀၂၄

မေလ ၃၀ရက်မှာ တစ်ကျပ်သားကို ၅၈သိန်း၅သောင်းကျော်ထိ မြင့်တက်ခဲ့တဲ့ မြန်မာ့ရွှေစျေးဟာ မေလ ၃၁ရက်မှာ ၅၆သိန်းကျော် နဲ့ ဇွန်လ ၁ရက် ဒီနေ့မနက်မှာ ၅၃သိန်းအထိ ပြန်လည် ကျဆင်းလာပါတယ်။

နိုင်ငံခြားငွေစျေးတွေဟာလည်း အမေရိကန်ဒေါ်လာ ၄၄၀၀၊ စင်္ကာပူဒေါ်လာ ၃၀၃၀၊ ယူရို ၄၈၇၈၊ ထိုင်းဘတ် ၁၁၄.၉၄၊ မလေးရှားရင်းဂစ် ၉၉၀ ၊ တရုတ်ယွမ် ၆၀၈အထိ ပြန်လည် ကျဆင်းလာပါတယ်။

ပြည်တွင်းရွှေစျေး အမြင့်ဆုံးထိ တက်ခဲ့တဲ့ မေလ ၃၀ရက်မှာ ရွှေကုန်သည် ၂၀ဦးနဲ့ ငွေလွှဲဟွန်ဒီလုပ်သူ ၁၂ဦးကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က အထူးစုံစမ်းစစ်ဆေးရေးဌာနကို ခေါ်ယူထိန်းသိမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။

မေလ၃၀ရက်က စပြီး ငွေလွှဲဟွန်ဒီလုပ်သူတွေနဲ့ ဆက်စပ်နေတဲ့ ဘဏ်အကောင့် ၇၄ခုကို ပိတ်ထား တယ်လို့လည်း သိရပါတယ်။

ဆက်စပ် သတင်းများ

Most read