ပဲခူးတိုင်း၊ ရွှေကျင် မြို့နယ်က မင်္ဂလာဆောင်တစ်ခုကို မေ ၂၅ ရက် မနက် ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် သတို့သမီး၊ ကလေးငယ် တွေ အပါအဝင် အနည်းဆုံး ၁၀ ဦးသေဆုံးပြီး ပြည်သူ ၂၀ လောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေကျင်မြို့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း၊ ကျွန်းကြီးရွာမှာ ကျင်းပနေတဲ့ မင်္ဂလာဆောင်ကို မနက် ၉ နာရီဝန်းကျင်မှာ လေကြောင်းက ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
ကျွန်းကြီးကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်တဲ့ ရွာဖြစ်ပေမယ့် အဲ့ဒီအရပ်ဒေသမှာ တိုက်ပွဲဖြစ်တာမရှိဘူးလို့ ဒေသခံဦးကပြောပါတယ်။