ထိုင်းနိုင်ငံ ဆမုစာခွန်ခရိုင်၊ မဟာချိုင်မြို့နယ်မှာရှိတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ AAC-ဂေဟာကို ဒီကနေ့မှာ အပြီးပိတ်သိမ်းပေးဖို့ ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူတွေက အမိန့်ထုတ်ပြန်လိုက်တယ်လို့ AAC-မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးထားပါတယ်။
AAC-ဂေဟာ ဧပြီလ ၂၂ ရက် ဒီကနေ့ ညနေ ၅ နာရီမှာ အပြီးပိတ်သိမ်းပေးရမှာဖြစ်ကြောင်းနဲ့ AAC-ဂေဟာထဲက လုပ်ငန်းခွင်ထိခိုက်ဒဏ်ရသူ ခြေလက်မသန်စွမ်းသူတွေကို ညနေ 5-နာရီနောက်ဆုံးထားပြီးရွေ့ပေးဖို့နဲ့ ရက်ပေါင်း (၆၀) ပြည့်တဲ့အတွက်အဆောက်အဦးကိုဖြိုပေးဖို့ မြို့နယ်ဒုအုပ်ချုပ်ရေးမှူး နဲ့ နယ်မြေခံဌာန ပေါင်းစုံလာရောက် ပြီး သတိပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဂေဟာ တာဝန်ရှိသူတွေအနေနဲ့ ဥပဒေနဲ့ အညီအယူခံဝင်လုပ်ဆောင်နေတဲ့အပေါ် ထိုင်းနယ်မြေခံအုပ်ချုပ် ရေးမှူးအဆင့်ဆင့်က လက်မခံကြောင်း နဲ့ လက်ရှိ ရုံးတည်ရှိရာ ရပ်ကွက်တွင် ဆက်လက် နေထိုင်ခွင့် မပြုတော့ကြောင်းနဲ့ ဂေဟာ ကိုပေးနေတဲ့ သုံးရေကိုလည်း ပြန်လည်ဖြတ်တောက်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – AAC