၂၅ ဇန်နဝါရီ ၂၀၂၆
ရွေးကောက်ပွဲအပိုင်း ၃ ပြုလုပ်နေတဲ့ ရန်ကုန်မြို့က မြို့နယ်အချို့မှာ မဲလာပေးသူ နည်းပါးနေတာကြောင့် ရပ်ကွက်အတွင်း ကားတွေနဲ့ လိုက်ခေါ်ပြီး ကြို/ပို့ လုပ်ပေးနေတာ တွေ့ရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂၅ ရက်မှာ ပြုလုပ်တဲ့ အပိုင်း ၃ ရွေးကောက်ပွဲဟာ အပိုင်း ၁၊ အပိုင်း ၂ ထက် မဲလာပေးသူသိသိသာ သာ နည်းပါးနေတာ မြင်တွေ့ရပါတယ်။
” ဟိုက်ဂျက်လေး ဖျာခင်းပြီး ရပ်ကွက်တွေထဲ လိုက်ခေါ်နေတာ၊ မနေ့က ညကလည်း ခဏခဏ မဲပေးကြဖို့ လိုက်အော်နေတာ။ ဒီမနက် ၁၀ နာရီကျော်တဲ့အထိ မဲရုံကို လာသူနည်းနေတော့ သူတို့ ကားနဲ့ပါလိုက်ခေါ်ပြီး တွန်းတွန်းတိုက်တိုက်လုပ်နေကြတယ်”လို့ ရန်ကုန်နေပြည်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ဒါအပြင် ရန်ကုန်မြို့ နွေဦးတော်လှန်ရေးကာ တလျောက် အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့တဲ့ မြို့နယ်အချို့က မဲရုံပတ်လည်မှာ စစ်ကောင်စီရဲတပ်ဖွဲတင်မကဘဲ စစ်တပ်ကပါ လုံခြုံ ရေးယူထားတာကိုလည်း တွေ့မြင်ရပါတယ်။
“မဲရုံကို ဗဟိုထားပြီး လမ်းဘယ်ညာကြိုးတွေနဲ့ တားပြီး လုံခြုံရေးယူထားတာ။ လူထုနှစ်မြို့တဲ့ ရွေးကောက်ပွဲအခင်းအကျင့်ပုံစံက ဒီလိုမဟုတ်ဘူး။ ဒါကိုကြည့်ရင် ဖိအားပေးထားတာကိုမြင်နိုင်တယ်” လို့ မင်္ဂလာတောင်ညွှန့်မြို့နယ်နေ ပြည်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။
စစ်ကော်မရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခု ကျင်းပတဲ့ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအ မှတ်ပြုတာ၊ မပြုတာထက် လူထု မဲပေးတာကို အသိအမှတ်ပြုတယ်လို့ မန္တလေးမြို့က မဲရုံတွေကို သွားကြည့်ချိန် သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
ရွေးကောက်ပွဲအပိုင်း ၃ ကို ရန်ကုန်တိုင်းအတွင်းက မြို့နယ်၁၇ မြို့နယ်မှာ ပြုလုပ် နေပြီး၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၆၃ မြို့နယ် မှာ ပြုလုပ်နေတာဖြစ်ပါတယ်။
ပုံစာ-ရန်ကုန်မြို့လမ်းမတော်မြို့နယ်အတွင်းရှိ မဲရုံတစ်ရုံကို နံနက်အ စောပိုင်းက တွေ့ရစဉ်(CJ)


