Homeပြည်တွင်းသတင်းရွေးကောက်ပွဲအပိုင်း ၂ ရေးမြို့နယ် နှင့် မင်းလှမြို့တို့တွင် ပေါက်ကွဲမှုများဖြစ်ပေါ်

ရွေးကောက်ပွဲအပိုင်း ၂ ရေးမြို့နယ် နှင့် မင်းလှမြို့တို့တွင် ပေါက်ကွဲမှုများဖြစ်ပေါ်

၁၁ ဇန်နဝါရီ ၂၀၂၆

စစ်အုပ်စုက ပြုလုပ်သည့် ရွေးကောက်ပွဲအပိုင်း ၂ အတွင်း မွန်ပြည်နယ် ရေးမြို့နယ်နဲ့ ပဲခူးတိုင်း မင်းလှမြို့နယ်တို့မှာပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် မနက် ၄ နာရီ မဲရုံမဖွင့်ခင်မှာ ပဲခူးတိုင်း၊ မင်းလှမြို့နယ် အတွင်းမှာ ပေါက်ကွဲသံတစ်ချက်ကြားခဲ့ရတယ်လို့သိရသလို ရေတာရှည်မြို့နယ်ထဲမှာလည်း နှစ်ဖက်စစ်ရေးတင်း မာနေတယ်လို့ ဖြစ်စဉ်ကို သိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“နှစ်ဖက်စစ်ရေးတင်းမာတယ်လို့ပြောနိုင်တာက တော်လှန်ရေးအဖွဲ့ဘက်ကတော့ ဘာသံမှမကြားပါဘူး။ စစ်တပ်ဘက်ကတော့ အင်အားနဲ့မြို့ပေါ်ပတ်နေတာနဲ့ အင်းအားတော်တော်များများဖြည့်တာကို ကြည့်ရင်တော့ခန်းမှန့်လို့ရတာပေါ့”လို့ ရေတာရှည်မြို့‌နေ ဒေသခံတစ်ဦးက ဆိုပါတယ်။

အလားတူဘဲ ဒီကနေ့မှာ မွန်ပြည်နယ်ရေးမြို့နယ်ထဲမှာ မနက်ပိုင်း ၅ နာရီအချိန် လောက်မှာ မြို့ပေါ်ရပ်ကွက်တခု အတွင်း ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပေါ်ခဲ့တဲ့အပြင် စစ်အုပ်စုရဲ့ ဒူးယား-မြို့ဟောင်းကုန်းလမ်းပိုင်းက ဂိတ်ထိုင်စခန်းနေရာအချို့မှာလည်း နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ဟုတ်ပါတယ်။ ရေးမှာပေါက်ကွဲမှုဖြစ်တာမှန်ပါတယ်။ မဲရုံမဖွင့်ခင်လေးမှာလို့တော့ကြားတယ်။ မွန်ပြည်နယ်မှာမဲပေးတဲ့လူ မစိုးဘူးလိုပြောလို့ရတယ်။ ဒါကလည်းဒေသခံမွန်ပါတီကို အဓိကပေးတာလို့ တစွန်းတစကြားရတယ်”လို့ သံဖြူဇရပ်မြိူ့နယ်နေ ပြည်သူတစ်ဦးက ဆိုပါတယ်။

လတ်တလောမွန်ပြည်နယ်အတွင် မွန်ပါတီအနေနဲ့ အခြားပါတီတွေထက်အခြေအနေကောင်းနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

မနက် ၉ နာရီနဲ့ ၁၀ နာရီအကြားမှာ မဲရုံ တရုံကို ‌မဲလာပေးတဲ့သူ ၇၀၀ ကနေ ၉၀၀ ကြားရှိတယ်လို့လည်း သူကပြောပါတယ်။

ဗုံပေါက်ကွဲတာတွေနဲ့ပတ်သက်လို့တော့နောက်ဆက်တွဲအခြေအနေတွေကို New Day Myanmar က ဆက်လက် စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။

ရွေးကောက်ပွဲအပိုင်း၂ မှာ မွန်ပြည်နယ်ထဲ ‌မဲပေးပိုင်ခွင့်ရှိသူ ပြည်သူ ၅၉၃၀၀၀ ကျော်ရှိတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဆီကနေ သိရပါတယ်။

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး