ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့မြောက်ဥက္ကလာပ ပြည်ခိုင်ဖြိုးရုံးကို
ဇူလိုင် ၁၁ ရက် ည ၁၀ နာရီအချိန်မှာ ၇၉ အဝေးပစ်လောင်ချာ ၄၀ မမ ဗုံးသီးနှစ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA) အဖွဲ့ကအသိပေးထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှာ လုံခြုံရေးချထားတဲ့စစ်ကောင်စီတပ်သားတွေထိခိုက်တာရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်တွေအနေနဲ့ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။
အခုတိုက်ခိုက်မှုကို Yangon Army(YA) အဖွဲ့နဲ့ မဟာမိတ်အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ညကတော့ ပစ်ခတ်သံကြားလိုက်တယ်။ ဗုံးနဲ့လာပစ်သွားတယ်လို့ ဒီမနက်သိရတာ။ အခုတော့ အဲဒီရုံးနားမှာ စစ်တပ်က ကင်းပတ်နေတာ၊ အရပ်ဝတ်နဲ့စောင့်ကြည့်နေတာရှိနေတယ်။”လို့ အဲဒီအနီးပတ်ဝန်းကျင်မှာနေထိုင်သူတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပါဝင်လုပ်ကိုင်နေသူတွေကို ပြင်းပြင်းထန်ဖန်တိုက်ခိုက်သွားမယ်လို့ Yangon Army(YA)ရဲ့အသိပေးချက်မှာဖော်ပြထားပါတယ်။
ဓာတ်ပုံ -မြောက်ဥက္ကလာပမြို့နယ် ကြံခိုင်ရေးရုံး ၂၀၁၉ ခုနှစ်က မီးလောင်စဉ်(ပုံအဟောင်း) / (နာရေးကူညီမှုအသင်း-ရန်ကုန်)


