Homeပြည်တွင်းသတင်းရွေးကောက်ပွဲဝင်လိုတာကြောင့် ကမ္ဘောဇဘဏ်ကိုပေးရန်ရှိတဲ့ အကြွေးထဲက ကျပ် သိန်းငါးသောင်း ပြန်ဆပ် ပြီးဖြစ်တယ်လို့ ဒေါ်သက်သက်ခိုင် ပြော

ရွေးကောက်ပွဲဝင်လိုတာကြောင့် ကမ္ဘောဇဘဏ်ကိုပေးရန်ရှိတဲ့ အကြွေးထဲက ကျပ် သိန်းငါးသောင်း ပြန်ဆပ် ပြီးဖြစ်တယ်လို့ ဒေါ်သက်သက်ခိုင် ပြော

နိုဝင်ဘာ ၂၀၂၅

ရွေးကောက်ပွဲဝင်လိုတာကြောင့် ကမ္ဘောဇဘဏ်ကိုပေးရန်ရှိတဲ့ အကြွေးထဲက ကျပ် သိန်းငါးသောင်းကို အောက်တိုဘာ ၃၀ ရက်က ပြန်ဆပ်ပြီးဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက် သက်ခိုင်က ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁ ရက်မှာ သူမဦး ဆောင်ပြုလုပ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ( PPP)သတင်းစာရှင်းလင်းပွဲအ တွင်းမှာ ဘဏ်ကို ပေးရမယ့်အကြွေးကိစ္စနဲ့ပတ်သက်လို့ ပြောကြားခဲ့တာပါ။

ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းဟာ ၂၀၁၆ ခုနှစ် ဦးဖြိုးမင်းသိန်း ရန်ကုန်တိုင်းဝန် ကြီးချုပ်အဖြစ်နဲ့ တာဝန်ယူခဲ့စဉ်က 68 Residence စီမံကိန်းမှာကို ဆောက်လုပ်ခွင့်ရပ်ဆိုင်းလိုက်တာကြောင့် ဘဏ်ကိုပေးရမယ့်အကြွေးကိစ္စအခက်အခဲကြုံခဲ့ရတာလို့ သူမကပြောကြားခဲ့ပါတယ်။

ဒေါက်တာသက်သက်ခိုင်ဟာ အဲဒီဘဏ်ကို အကြွေးပြန်ဆပ်ဖို့ရှိတယ်ဆိုတဲ့ အ ကြောင်းပြချက်နဲ့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၈(ဃ)နဲ့ ငြိစွန်းပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ဖျက်ခံထားရတာဖြစ်တယ်လို့ဆိုပါတယ်။

ပါတီဘက်ကတော့ ဒေါ်သက်သက်ခိုင်ဟာ လွှတ်တော်ကိုယ်စားလှယ်လောင်း ကတ်ပြား ထွက်ရှိထားသူဖြစ်ပြီး လက်ရှိမှာ ဥပဒေအရ ပြန်ဖြေရှင်းနေရတဲ့ အပိုင်းတွေရှိတဲ့အတွက် အခုလို ကိစ္စဖြစ်ပေါ်ရတာလို့ သတင်းမီဒီယာတွေကို ပြန်လည်ဖြေရှင်းနေတာဘဲဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်သက်သက်ခိုင်အပါ ပယ်ချခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို UEC က ဘုတ်အဖွဲ့ထိုင်ပြီး ပြန်လည်စိစစ်နေတယ်လို့ သိရပြီး ၊ ခွင့်ပြုမယ့် သူတွေထဲမှာ တစ်ယောက်ထဲပါလာခဲ့ရင်တောင် အဲ့ဒီတယောက်ဟာ သူမဖြစ်ချင်တယ်လို့ အင်တာဗျူးမှာပြောကြားထားပါတယ်။

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး