၂၈ အောက်တိုဘာ ၂၀၂၅
ရွေးကောက်ပွဲမဲဆွယ်ကာလဖြစ်တဲ့ ဒီနေ့ အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ရွေးကောက်ပွဲသပိတ် မှောက်ဆန့်ကျင်ရေးကာလအဖြစ်သတ် မှတ်တယ်လို့ အထွေထွေသပိတ်ပေါင်း စပ်ညှိနှိုင်းရေးအင်အားစု(GSCB) က ထုတ်ပြန်ထားပါတယ်။
“ငရဲကြီး ၈ ထပ် အဝီစိအောက် ရောက်နေသည့် တိုင်းပြည်ကို ထပ်၍ နစ်မွန်းစေမည့် အကြမ်းဖက်ပြုကျင့်မှုကြီးသည် အတုအယောင်ရွေးကောက်ပွဲပင်ဖြစ်တယ်”လို့ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်ဟာ လူမှုရေး၊ စီးပွါးရေးနဲ့ နိုင်ငံရေးမှာ အကြမ်းဖက်တာတွေ၊ အကျင့်ပျက်ချစားမှု ကြီးစိုးစေတာတွေကြောင့်တိုင်းပြည်ရဲ့အရင်းအမြစ်တွေကိုပျက်ဆီးဆုံးရှုံးစေပြီး စစ်အုပ်စုအာဏာတည်ရေးကိုသာ ပြုကျင့်နေတယ်လို့ ဆိုပါတယ်။
ဒါအပြင် ရလဒ်အနေနဲ့ လူဦးရေ ၁၂ သန်းကျော် ထမင်းငတ်နေတဲ့ တိုင်းပြည်၊ မူး ယစ်ဆေးဝါးနဲ့ ကျားဖြန့်လောင်းကစားတွေ စခန်းချရာတိုင်းပြည်၊ လုံခြုံမှုမရှိဆုံးနဲ့ နေ့စဉ် အကြမ်းဖက်တာတွေပြည့်နှက်နေတဲ့ တိုင်းပြည်တခုအဖြစ်ကို သက်ဆင်းသွားပြီဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အခုလုပ်မယ့် ရွေးကောက်ပွဲကနေ တိုင်း ပြည်ကို မည်သို့သော အပြောင်းအလဲမှ ဆောင်ကျဉ်းနိုင်လိမ့်မည်မဟုတ်ဘဲ တိုင်း ပြည်အပေါ်ကို စစ်ကျွန်အရိပ်မဲကြီး ဆက် လက်ကြီးစိုးမယ့် မတရားမှု သရဖူ ဆောင်းထားတဲ့ စစ်အုပ်စုရဲ့ “တရားမဝင်အတုအယောင်ရွေးကောက်ပွဲကြီး” ကို ပြည်သူလူထုတရပ်လုံး၏ စုပေါင်းအားနဲ့ နည်းပရိယာယ်ကြွယ်ကြွယ်သုံးကာ သပိတ်မှောက်ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ-GSCB(ပုံအဟောင်း)


