Homeပြည်တွင်းသတင်းရွေးကောက်ပွဲကို နောက်နှစ်ဇန်နဝါရီတွင် အစောဆုံးကျင်းပနိုင်ရန် စီစဉ်ထားဟု စစ်ခေါင်းဆောင်ပြော

ရွေးကောက်ပွဲကို နောက်နှစ်ဇန်နဝါရီတွင် အစောဆုံးကျင်းပနိုင်ရန် စီစဉ်ထားဟု စစ်ခေါင်းဆောင်ပြော

၇ မတ် ၊ ၂၀၂၅

လာမည့်ဒီဇင်ဘာ သို့မဟုတ် နောက်နှစ်ဇန်နဝါရီမှာ ရွေးကောက်ပွဲကို အစောဆုံးကျင်းပနိုင်ရန် စီစဉ်ထားတယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဘီလာရုစ်သမ္မတမစ္စတာအလက်ဇန်းဒါးလူကာရှန်းကော့နဲ့ တွေ့ဆုံစဉ်ပြောကြားလိုက်ပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ ရွေးကောက်ပွဲကို လုံးဝလုပ်ဖြစ်မှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း ပြောပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီ ၅၃ ပါတီက မှတ်ပုံ တင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။

ဘီလာရုစ်နိုင်ငံက လေ့လာရေးအဖွဲ့တွေအနေနဲ့ရွေးကောက်ပွဲကို လာရောက်လေ့လာကြဖို့ကိုလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဖိတ်ကြားထားပါတယ်။

ဆက်စပ် သတင်းများ

Most read