Homeပြည်တွင်းသတင်းရွာငံမှာ စစ်ကောင်စီတပ်သား ၆ ဦးက အမျိုးသမီးငယ် ၃ ဦးကို အဓမ္မပြုကျင့်

ရွာငံမှာ စစ်ကောင်စီတပ်သား ၆ ဦးက အမျိုးသမီးငယ် ၃ ဦးကို အဓမ္မပြုကျင့်

၂ မေ ၊၂၀၂၅

ရွာငံမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံ အမျိုးသမီးငယ် ၃ ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ် အပါဝင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ၂ မှုခု ကျူးခွန်ခဲ့တယ်လို့ ရှမ်းပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ထုတ်ပြန် ထားမှုအရ သိရပါတယ်။

၂၀၂၃ ခုနှစ် မေလအတွင်းမှာ ရွာငံမြို့နယ်ဘက်ကနေ ရွာငံ-သာစည်နယ်စပ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင် စီတပ်ဖွဲ့က ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် မျက်ခါးအင်းကျေးရွာဘက်ကို ဆုတ်ခွာ တဲ့ လမ်းမှာ တောထဲ စစ်ဘေးရှောင်နေတဲ့ ရွာခံအမျိုးသမီးငယ် ၃ ယောက်ကို စစ်ကောင်စီတပ်သားတွေက အုပ် စုလိုက် အဓမ္မပြုကျင့်ခဲ့ကြောင်း နဲ့စစ်ကောင်စီတပ်သားတွေ ထွက်ခွာပြီးနောက် တောထဲမှာ ငိုနေတဲ့ အမျိုးသမီး ငယ် ၃ ယောက်ကို ရွာသားတွေက တွေ့ရှိခဲ့တာဖြစ်ပြီး မေးမြန်းရာမှ စစ်ကောင်စီတပ်သား ၆ ယောက်က ၎င်းတို့ ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ထွက်ဆိုခဲ့တယ်လို့ ဆိုထားပါတယ်။

ဆက်လက်ပြီး ၂၀၂၃ ခုနှစ် မေလအတွင်းကလည်း ရွာငံဒေသခံ စစ်ဘေးရှောင် အကူအညီပေးသူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတယောက်ကို ကလောအခြေစိုက် တပ်မ ၅၅ က စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး ရွာငံရဲစခန်းကို ခေါ်ဆောင်သွားကာ နည်းမျိုးစုံနဲ့ ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဆိုထားပါတယ်။

အတူဖမ်းဆီးခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသမီးတွေရဲ့ ပြောကြားချက်အရ စစ်ကောင်စီတပ်သား တွေဟာ အဆိုပါအမျိုးသမီးရဲ့ အင်္ဂါအတွင်းကို ပြင်ပပစ္စည်းတွေနဲ့ ထိုးသွင်းမှု၊ ရင်သားကို ရိုက်နှက်မှုတွေကိုပါ ပြုလုပ်ခဲ့တယ်လို့ သိရကြောင်းနဲ့ ရွာငံရဲစခန်းမှလည်း အကျဉ်းသူတွေကို သူတို့နဲ့ ပူးပေါင်းဆောင်ရွက်တာ မပြုပါက အမျိုးသမီး လစဥ်သုံးပစ္စည်းတွေ ဝယ်ယူခွင့် ပိတ်ပင်တတ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ – Social media

ဆက်စပ် သတင်းများ

Most read