စစ်ကော်မရှင်က သူ့ရဲ့လက်အောက်ခံ ရဲဗိုလ်ချုပ်တွေ ဖြစ်တဲ့ ဒုတိယရဲချုပ် ၁ ဖြစ်တဲ့ ရဲဗိုလ်ချုပ် တင်ကိုကိုနဲ့ ဒုတိယရဲချုပ် ၂ ဖြစ်တဲ့ ရဲဗိုလ်ချုပ် အောင်နိုင်သူကို ရာထူးကနေ အနားပေးပြီး ရွေးကောက်ပွဲဝင်ပြိုင်ခိုင်းထားတယ်လို့ နေပြည်တော် သတင်းရင်းမြစ်ကနေ သိရပါတယ်။
သူတို့နေရာမှာတော့ ရဲမှူးချုပ် ဝင်းဘိုက ဒုတိယရဲချုပ် ၁ အဖြစ် ရာထူးခန့်အပ်ခံရပြီး ရန်ကုန်ရဲမှူးချုပ်ဟောင်း မျိုးမင်းထိုက်ကိုတော့ ဒုတိယရဲချုပ် ၂ အဖြစ်ပြောင်းလဲ ခန့်အပ်လိုက်တာဖြစ်ပါတယ်။
“အဓိက ကတော့ စစ်ခေါင်းဆောင်က သူယုံရတဲ့သူတွေကို နေရာအလွဲအပြောင်းလုပ်တဲ့ သဘောပါ။”လို့ နေပြည်တော် သတင်းရင်းမြစ်က New Day Myanmar ကိုပြောပါတယ်။
အခုလို ရာထူးကနေ အနားပေးခံရတဲ့ ရဲဗိုလ်ချုပ်တွေဟာ ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်တယ်လို့ လည်း သူကပြောပါတယ်။


