၂ ဖေဖော်ဝါရီ၊ ၂၀၂၅
မွန်ပြည်နယ်၊ရေးမြို့မရဲစခန်းတွင် ဖေဖော်ဝါရီလ ၁ ရက် မနက် ၉ နာရီခန့် အချုပ်ခန်းထမင်းပုံးပို့ချိန်မှာ အချုပ်သားတွေက ရဲတွေရဲ့ သေနတ်ကို လုယူပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီထွက်ပြေးလွတ်မြောက်တဲ့ အချုပ်သားတွေဟာ နိုင်ငံရေး ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရသူတွေဖြစ်ပြီး ထွက်ပြေးလာတဲ့ ၁ ယောက်ကို ရေးဘီလူးတပ်ဖွဲ့က ကယ်တယ်ထားတယ်လို့ ဆိုပါတယ်။
“မွန်ပြည်နယ်ရေးမြို့နယ်ရေးမြို့မရဲစခန်းတွင်မတရားနိူင်ငံရေးဥပဒေပုဒ်မပြစ်မှုများကိုခေါင်းစဥ်တပ်ခံထားရသောအချုပ်သားများ ၁.၂.၂၀၂၅ နံနက် ၉ နာရီအချုပ်ခန်းထမင်းပုံးပို့ချိန်အချုပ်တံခါးကိုဆွဲဖွင့်ပီးအချုပ်စောင့်ရဲများနှင့်ပြန်လည်တိုက်ခိုက်ထွက်ပြေးလွတ်မြောက်လာသူတဦးကိုကျွန်ုပ်တို့ရေးဘီလူးတပ်ရင်း တပ်ခွဲ ၁ မှကယ်ယူခဲ့ပါသည်”လို့ ရေးဘီလူးက သူ့ရဲ့ လူမှုကွန်ရက် ဖေ့ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။
ပစ်ခတ်မှုကြောင့် ဒုရဲအုပ်နိုင်လွင်ဦး၊ ရဲတပ်ကြပ်မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ဟာ အချုပ်ခန်းအတွင်း သေဆုံးခဲ့ပြီး၊ မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဦးမှာ ယာဘက်ရင်အုံတွင် ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ ရေးဆေးရုံမှာ ကုသနေရတယ်လို့ သိရပါတယ်။
ပုံစာ – ရေးရဲစခန်းမှာ လွတ်မြောက်လာသူတဦးကို ရေးဘီးလူးနဲ့ အတူတွေ့ရစဉ်
ပုံ- ရေးဘီလူး